စစ်ကြောင်း

  • Nov- 2025 -
    13 November
    သတင်း

    ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး

    ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ Sky Hotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင်စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ အဖွင့်ရဲ မသွားရဲကြတဲ့သူတွေရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ပြောပါတယ်။ မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။…

    Read More »
  • Oct- 2025 -
    20 October
    သတင်း

    ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်

    ဖားကန့်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ချို့ ထွက်ခွာသွားပေမယ့် စစ်တပ်တပ်စွဲထားတဲ့ နေရာတစ်ချို့မှာ နှစ်ဖက်တပ်အကြားအပြန်အလှန် ပစ်ခတ်မှုတွေဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်။ ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) နဲ့ ယူမာကျေးရွာလမ်းမကြီးပေါ်က အဲဗားဝင်းမျောခြံမှာ စစ်တပ်ထားတဲ့စစ်တပ်နဲ့ မရှီမကထောင် တရုတ်ဘုံကျောင်း ရခိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ ရဲတပ်သားနဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် ထိတွေ့တိုက်ပွဲရှိနေတယ်လို့…

    Read More »
  • 16 October
    သတင်း

    ဖားကန့်မှာ ထိုးစစ်တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ချို့ပြန်ထွက်ခွာ

    ဖားကန့်ဒေသမှာ ငါးလကျော်ခန့်အကြာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ချို့ ဖားကန့် – ကားမိုင်းလမ်းဘက်ဦးတည်ပြီး ပြန်ထွက်ခွာသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကြောင်းဝင်ရောက်လာကတည်းက တပ်စွဲထားတဲ့ မှော်ဆီစာကျေးရွာ ဘုရားကုန်းနေရာနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)နေရာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းတွေ…

    Read More »
  • Sep- 2025 -
    17 September
    သတင်း

    ဆိုင်းတောင်အုပ်စုထဲက ကျေးရွာတစ်ချို့ကို စစ်တပ်ကပြန်ပြီးနေရာယူ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေ ဆိုင်းတောင် မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ ညောင်ပင်ကုန်း နှစ်နေရာကို တစ်ပြိုင်နက် မြေပြင်စစ်ကြောင်းထိုးပြီး…

    Read More »
  • 11 September
    သတင်း

    ဖားကန့်မှာ စစ်တပ်ရဲ့ ထိုးစစ်ဘယ်ကို ဦးတည်နေပြီလဲ

    ဖားကန့်မှာ စစ်တပ်က စစ်ရေးအရ မျှော်မှန်းထားတဲ့ အခြေအနေအထိ မရောက်ရှိသေးတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ရေးက ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်ရဖို့ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ၊ မေလကနေ…

    Read More »
  • Aug- 2025 -
    27 August
    သတင်း

    ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ…

    Read More »
  • 12 August
    သတင်း

    ကားမိုင်း – နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက်…

    Read More »
  • Jul- 2025 -
    25 July
    သတင်း

    ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ

    ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေ‌ကြောင်းအကူနဲ့အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်‌ပြီး တန်ပြန်ထိုးစစ်ဆင်နေတာ ခုဆိုနှစ်လကျော်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

    Read More »
  • Jun- 2025 -
    5 June
    သတင်း

    လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်

    ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ မေလကုန်ပိုင်း ဖားကန့်မြို့ထဲကို စစ်ကြောင်းဝင်ရောက်သွားပြီးနောက် မှော်ဆီစာကျေးရွာအတွင်းက တစ်သုံးလုံး၊ တင်အောင်ကြိုင် စတဲ့ လုပ်ကွက်ကုမ္ပဏီရှိ စက်ယန္တရားတွေကို…

    Read More »
  • Sep- 2024 -
    6 September
    သတင်း

    ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး  နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး  ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး

    Read More »
Back to top button