,
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်ရှိ လယ်ပြင် စစ်ကောင်စီ စစ်ဆေးဂိတ် ယနေ့နံနက်ပိုင်း ၂ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်းသိရသည်။ ဖားကန့်မြို့အထွက် လုံးခင်းကျေးရွာအဝင် စစ်ကောင်စီအဖွဲ့ တပ်ချထားသည့် လုံးခင်းစစ်ဆေးရေးဂိတ် (ဒေသအခေါ် လယ်ပြင်ဂိတ်) ကို KIA တပ်ရင်း ၆ တပ်ဖွဲ့များ သွားရောက်တိုက်ခဲ့ကြသည်ဟု အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ''လယ်ပြင်ဂိတ်ခေါ်တာပေါ့ အဲ့မှာစစ်သားတွေအမြဲထိုင်ထားတယ် စစ်ဆေးရေးတွေလုပ်တယ် အဲ့တာကို ဒီမနက်သွားပစ်တာ တိုက်ပွဲကတော့အကြာကြီးပဲဖြစ်တယ် အခုဏက ၈နာရီခွဲထိတောင် ပစ်ခတ်သံတွေကြားနေရတုန်း စကစ (စစ်ကောင်စီ) ဘက်ကအတော်လည်းအထိနာသွားတယ်။ ဒါပေမယ့်
ဖားကန့် လမ်းမပေါ် နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများက သွားလာရေး အခက်ကြုံတွေ့နေရသည်ဟု သိရသည်။ နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ကျေးရွာဂိတ်ဖြတ်သန်းခွင့်ကို နံနက်ပိုင်း ၈ နာရီမှ ညနေပိုင်း ၅ နာရီအထိသာ သတ်မှတ်လိုက်သောကြောင့် နံနက်အစောပိုင်း စျေးသည်များသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ခက်ခဲသွားသည်ဟု နန့်ယားကျေးရွာအနီးရှိ ဆိုင်ဖရာဒေသခံတစ်ဦး KNG ကို ပြောသည်။ “၈နာရီအထိ စျေးမသွားဖို့ ဘယ်မှမသွားဖို့ လမ်းတွေမှာ မိုင်းထောင်ထားတယ်လို့ စစ်သားတွေက
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နောင်ခိုရပ်ကွက်မြို့အထွက်ရှိ စစ်တပ်ဂိတ်စောင့်အား သွားရောက် စိန်ခေါ်ခဲ့သော လူငယ် ၅ ဦး ကို စစ်တပ်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ကာ လူငယ် ၁ ဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၈ရက်နေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် သွားရောက်စိန်းခဲ့သည့် လူငယ် ၅ဦးကို စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် လူငယ်တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။