စစ်ဘေးရှောင်
-
Dec- 2025 -1 Decemberသတင်း
ဖားကန့်လမ်းနဲ့လီဒိုလမ်းမပေါ်က စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ထဲ တိမ်းရှောင်နေကြတဲ့ ဖားကန့်စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ် ကျေးရွာတွေထဲကနေ နမ္မတီးမြို့ထဲထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်အများပိုင်း နေရာထိုင်ခင်းအခက်အခဲဖြစ်နေတာကြောင့် ရာသီအကူအပြောင်းတွေကြား ဖျားနာသူတွေနဲ့ အခက်ခဲများစွာ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ “မိုးရာသီမှာတောင် အရမ်းကို ဒုက္ခရောက်ကြတာ တစ်ချို့ဆို သစ်ပင်အောက်တွေမှာနေတယ်။ တစ်ချို့က ကွင်းပြင်၊ လယ်ယာပြင်မှာတဲဆောက်ပြီးနေကြတော့ လေတိုက်ပြီဆိုတာနဲ့ အကုန်လွှင့်၊ မိုးပက်ပြီး နေလို့မရကြဘူး။ ဆိုတော့ မိုးရာသီလည်း မိုးရာသီဒုက္ခကို အံတုနေရတယ်။ အခု ဆောင်းရာသီဆိုလည်း ဆောင်းရာသီကို အဲလိုပဲ အံတုရင်း နေကြရမယ်။ ထွေထွေထူးထူး အကူအညီရတာမျိုးတွေလည်း မရှိဘူး။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ်ရှိ နန့်ယား၊ ဒွမ်ဘုန်း၊ လဝါး၊ လဂေါင်၊ ကွမ်စိုင်ယန်–စတဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူတစ်ထောင်လောက်ဟာ လက်ရှိ နမ္မတီးမြို့ပေါ် ၆ နေရာလောက်မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ မိုးကာတွေနဲ့သာဆောက်လုပ်ထားတဲ့ မိုးကာတဲတွေလည်း ယိုယွင်းပျက်စီးလာပြီဲဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “အစထွက်ပြေးလာခဲ့ကြတဲ့အချိန်ကလို မဟုတ်တော့ဘူး။ အခု နေရာထိုင်ခင်းရဖို့အတွက်ပဲ အဓိက ဦးစားပေးဖြစ်သွားပြီ။ တခြား ဆောင်းရာသီရောက်ရင်တို့၊ မိုးရာသီရောက်ရင်တို့ ၊ ဟိုဟာနာ ဒီဟာဖျားလာရင်ဆိုပြီး တွေးပူနေရမယ့်အဆင့်တောင် မရောက်နိုင်တော့ဘူး။ နေရာတကာ ခြံတွေ၊ ဝင်းတွေ နည်းနည်းလွတ်တဲ့နေရာတွေ အားလုံးမှာ စုပြုံပြီးနေကြတယ်။ တချို့ကတော့ အဲလိုစစ်ဘေးရှောင်စခန်းမှာ မနေဘဲ ပိုင်ရှင်တွေမရှိတာ ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့ ခြံဝင်းတွေမှာ တဲဆောက်ယူပြီး နေကြတယ်။ ခက်ခက်ခဲခဲနဲ့ ကံလှ၊ မြို့သစ်၊ ညောင်တော၊ ၀အောင် တွေမှာ အပြည့်ပဲ” လို့ သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအသင်းတော်တွေဘက်ကလည်း စစ်ရှောင်တွေအတွက်လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမပေးနိုင်ပဲ အရေးပေါ် ခွဲစိတ်ရမယ့်လူနာတွေကိုသာ ကူညီနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြပ်တည်းမှုတွေကြား လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်း အရင်လိုမရှိတော့တဲ့အတွက် ဒီနှစ်တွေမှာ တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်ထူကိုယ်ထရပ်တည်နေကြရတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ဖားကန့်တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ဖားကန့်စစ်ဘေးရှောင်တွေအပြင် နောက်ထပ် ဝိုင်းမော်တိုက်ပွဲကြောင့် ဧရာ၀တီမြစ်ကမ်းဘေးတွေမှာ တိမ်းရှောင်ခိုလှုံနေကြရတဲ့ နောင်းချိန်းစစ်ဘေးရှောင်တွေအတွက်လည်း ကူညီမှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNCHR ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရှောင် တစ်သိန်းကျော် ထပ်တိုးလာတယ်လို့ သိရပါတယ်။…
Read More » -
Nov- 2025 -10 Novemberသတင်း
အင်းတော်မှာ စစ်တပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ရှောင်တစ်ချို့နေရပ်မပြန်နိုင်သေး
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ဘေးရှောင်တစ်ချို့နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။ အင်းတော်မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် NUG အစိုးရအောက်အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၆ လ ကျော်ရှိလာပြီဖြစ်ပါတယ်။ သို့ပေမယ့် အင်းတော်– ဗန်းမောက်လမ်းမပေါ်ရှိ မော်တိတ်ဒေသထဲက…
Read More » -
Sep- 2025 -23 Septemberသတင်း
ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်
ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…
Read More » -
11 Septemberသတင်း
တိုက်ပွဲကြောင့် ဝါးရှောင်ရွာ အပါကျေးရွာတစ်ချို့ပြန်တိမ်းရှောင်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ဝါးရှောင် ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာက ပြည်သူတွေထပ်မံတိမ်းရှောင်နေရတယ်လို့ ဝါးရှောင် ဒေသခံတွေပြောပါတယ်။ ဩဂုတ်လကနေ တစ်ဖန်ပြန်လည်ပြင်းထန်နေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က လေယာဉ်၊လက်နက်ကြီးအပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် လမြန်၊နမ့်ဝါ၊မုတ်ကြိတ်၊ဝါးရှောင်ကျေးရွာဘက် လက်နက်ကြီးကျပေါက်ကွဲတာ တွေကြောင့် ပြန်တိမ်းရှောင်နေရပြီလို့ ဝါးရှောင်ရွာခံအမျိုးသားတစ်ဦး…
Read More » -
Aug- 2025 -22 Augustသတင်း
နေရပ်ပြန် ကဇူးရွာမှ ကလေးငယ်တွေအတွက် ကျောင်းဆောင်လိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှာ စာသင်ကျောင်းမရှိတာကြောင့် ကလေးတွေ စာသင်ဖို့နေရာ အခက်အခဲကြုံတွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်ရာကနေ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်နေထိုင်နေကြပြီဖြစ်တဲ့ ကဇူးကျေးရွာမှာ ကလေးတွေရဲ့ ပညာရေးအတွက် မူလတန်းအထိ စာသင်ပေးနေပြီဖြစ်ပေမဲ့ စာသင်ကျောင်းဆောင်မရှိသေးတာကြောင့် လူနေအိမ်တွေမှာ ခက်ခက်ခဲခဲစာသင်ကြားနေရတယ်လို့…
Read More » -
20 Augustသတင်း
စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ
ရှမ်းမြောက်နဲ့ကချင်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ…
Read More » -
7 Augustသတင်း
နမ္မတီးမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်အတွက် နေရာထိုင်အခင်း၊စားနပ်ရိက္ခာအကူညီလိုအပ်
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် နမ္မတီးမြို့မှာ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မိုးတွင်းကာလအတွင်း စစ်ဘေး၊ ရေဘေးကြောင့် အဓိကခက်ခဲနေသူတွေဟာ နမ္မတီးသကြားစက်ဝင်းမှာခိုလှုံနေကြတဲ့ လဝါးကက်သလစ်အသင်းသူ၊သားများနဲ့ ဖားကန့် ခွမ်စိုင်ယန်ပြည်သူတွေကြဖြစ်ပြီး မိုးရေကြောင့်စစ်ရှောင်စခန်းတွင်း…
Read More » -
Jul- 2025 -9 Julyသတင်း
ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြား စစ်ရှောင်ပြည်သူတွေ အဖက်ဖက်ကကြပ်တည်းလာ
ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် တိုက်ပွဲဧရိယာအတွင်းနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာခန့်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လမ်းပိုင်းပိတ်ဆို့ထားမှုတွေကြောင့် အစားအသောက်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေစတင်ပြီး ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံး ရှရော်ခ(Sharaw Hka) ညောင်ပင်ကုန်း၊ မော်မောလယန်နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာ စတဲ့ စစ်မျက်နှာ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) ၊ မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ ဆိုင်းကြိုင်၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ “လက်ရှိမှာက ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် ဒီကျေးရွာတွေကတော့ လောလောဆယ် အလောတကြီး ပြေးနေရတာပေါ့။ အဲဒီကျေးရွာတွေက စစ်ကြောင်းတိုက်ရိုက်ထိုးနေတော့ မရှောင်လို့လည်း မရတော့ဘူး။ တစ်ချို့ပြည်သူတွေက တိုက်ရိုက်ကြီး စစ်ကြောင်းထိုးတာမရှိပေမယ့် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျတာတွေဖြစ်တော့ မရှောင်ချင်ဘဲ ရှောင်ကြရတာတွေရှိနေတယ်။ ဖားကန့် ဘာသာရေးဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာဆိုရင် စစ်ရှောင်တွေ ပြည့်လျှံနေကြပြီ။ အခုချိန်မှာဆို အဓိကတော့ အစားအသောက်ပိုပြီးခက်ခဲတယ်လေ။ လောလောဆယ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေပဲ ရသလောက်လုပ်ပေးနေတာပေါ့”လို့ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ တိုက်ပွဲနေရာမဟုတ်တဲ့ ဖားကန့်မြို့နဲ့ ဆိုင်းတောင်၊ လုံးခင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ ကက်သလစ် RC နဲ့ ဆွေမျိုးအိမ်တွေမှာ ခက်ခက်ခဲခဲတိမ်းရှောင်နေကြတယ်လို့သိရပြီး ဒီစစ်ဘေးရှောင်ပြည်သူတွေကို ဖားကန့်ဒေသက အရပ်ဖက်လူမှုကူညီရေးအဖွဲ့စည်းနဲ့ သက်ဆိုင်ရာ ဘာသာရေးကျောင်းအသီးသီးက တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုအောက်မှာ သွားနေတယ်လို့ ဆိုပါတယ်။ သို့သော် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ စစ်ရှောင်ပြည့်လျှံသွားတဲ့အတွက် နေရာအခက်အခဲကြောင့် စစ်ရှောင်တစ်ချို့က သစ်ပင်အောက်တွေမှာ မိုးကာတဲထိုးကာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ကြတဲ့ ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ ဆိုင်းကြိုင် စတဲ့ ကျေးရွာ ၇ ရွာထဲကနေ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ လက်အောက်မှာ စစ်ရှောင်ပြည်သူ စုစုပေါင်း အိမ်ထောင်စု ၂၀၄ ခု၊ လူဦးရေ ၇၀၀ ကျော်အထိရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ ဒါပေမယ့် KBC လက်အောက်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း ကားမိုင်း – ဖားကန့်လမ်း စစ်ကောင်စီတပ် ပထမအကြိမ် စစ်ကြောင်း စတင်ဝင်ရောက်လာချိန်ကတည်းက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ကပ်မှော်၊ ပျားအုံး စတဲ့ ကျေးရွာတွေထဲကနေ စစ်ရှောင်ပြည်သူတစ်ချို့ ဖားကန့် ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာကြောင့် လက်ရှိ စစ်ရှောင်ပြည်သူ ၁၄၀၀ ကျော်အထိရှိနေပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ကားမိုင်း – ဖားကန့် လမ်းဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်တဲ့အတွက် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ဖားကန့်ထဲမှာ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။ KBC အသင်းတော် အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေ စုစုပေါင်း စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိနေပြီး နောက်ထပ် ဘာသာရေးကျောင်းအသီးသီးမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေအပါဆိုရင် ဖားကန့်ဒေသမှာ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်အထိ ရှိနိုင်တယ်လို့ ဖားကန့် ပြည်သူတွေ ဆီကနေ သိရပါတယ်။ ယခုလို ဖားကန့်ဒေသထဲမှာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ များပြားလာသလို တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို လမ်းပိုင်း ပိတ်ဆို့ မှုတွေလည်းရှိနေပါတယ်။ ဖာကန့်ဒေသဘက်ကို တိုက်ရိုက်သွားလာလို့ရတဲ့ မြစ်ကြီးနား – ကားမိုင်းကားလမ်းပိုင်းကို တိုက်ပွဲကြောင့် စစ်တပ်နဲ့ KIA နှစ်ဖက်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။ လက်ရှိမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းစည် စီးဆင်းနေပြီး အဲ့ဒီလမ်းပိုင်းကိုလည်း စစ်တပ်က ဆန်သယ်ယူမှုကို ကန့်သတ်ထားတာ တစ်လခန့် ကြာမြင့်လာပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ဘေးရှောင် ပိုမိုများပြားလာတဲ့ ဖားကန့်ဒေသမှာ ဆန်ပြတ်လပ်မှုတွေဖြစ်လာပြီး စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ KBC လက်အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ နောက်ထပ် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။…
Read More » -
Jun- 2025 -20 Juneသတင်း
ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားပြီး အစားအသောက်များ ပြတ်လပ်
တိုက်ပွဲငြိမ်သက်သွားလို့ နေရပ်ပြန်လာနေထိုင်ကြတဲ့ ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ကပ်မှော်၊ နန်တိန့်၊ တံတားညီနောင်၊ ကပ်မှော်၊ ဂေါ့လူယန် စတဲ့ကျေးရွာနေ ပြည်သူဒေသခံ ၅၀၀၀…
Read More » -
4 Juneသတင်း
မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ
ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေကြရသော ဆွမ်ပီယန်ပြည်သူများသည် တောတွင်းတဲထိုးပြီး…
Read More »








