မံစီ စီအူ ကျေးရွာရှိ နေရပ်ပြန် စစ်ရှောင်များ လုပ်ကိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်နေ

မံစီမြို့နယ် နမ်လင်းပါအနီးတွင် ပြန်လည်နေရာချထားသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှု မရရှိတော့သဖြင့် ခက်ခဲမှု ရှိနေကြောင်း သိရသည်။ နမ်လင်းပါကျေးရွာမှ မိုင် ၂၀ ခန့်ဝေးသည့် စီအူ ကျေးရွာတွင် ပြန်လည်နေရာချထားသော စစ်ရှောင်များသည် ထိုနေရာတွင် ၃ နှစ်ကျော်ခန့် ဖြစ်ကျော်လာခဲ့ပြီးနောက် နောက်ပိုင်း ကိုယ်ပိုင်ရပ်တည်နိုင်ရန် ခက်ခဲနေသည်ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ “ကျနော်တို့ နားလည်သိခဲ့တာက ဒီဘက် နမ်ခန်ရွာမှာ ပြန်လည်နေရာချထားပေးပြီး ၃ နှစ်လောက်ထိတော့ အနည်းအကျဉ်း