,
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားသွားလာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းအဖွဲ့ ၂ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ထိခိုက်မှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ စပေါ့ကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်သားများ အိမ်စီးကား ၂စီးအပါ စစ်ကား ၁၀ စီးခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် အပြန်တွင် ၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “စစ်ကား
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် နောက်ထပ် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မိုးကားကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂ဦး မြေစာပုံပြိုကျပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ ဇူလိုင် ၂၇ ရက် ယမနေ့ နံနက် ၉ နာရီ အချိန်တွင် ဆိပ်မူကျေးရွာ၏ အနောက်ဘက် မိုးကားကျေးရွာနဲ့ဆိပ်မူကျေးရွာကြားတွင် အမျိုးသားသုံးဦးရေမဆေးကျောက်တူးနေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျလာခဲ့ရာ ၂ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ "အဲ့နေရာမှာ ၃ယောက်တူးနေတာ။ သူတို့ရဲ့ခေါင်းပေါ်ကနေ မြေစာပုံက ရုတ်တရက်ကြီးပြိုကျလာတော့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ဇွန်လ ၁ ရက်ညက အသတ်ခံလိုက်ရသည့်အမျိုး သား ၄ ဦးသည် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဆွေမျိုးတော်စပ်သူ သုံးဦးတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၁ ရက်နေ့ည ၈ နာရီခန့် အချိန်တွင် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော် အသက် (၄၄)နှစ်နှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူ ဦးဝင်းတင့်(ခ)ကျော်ကြား အသက် (၃၃)နှစ်၊ ဇော်ဝင်းထိုက်(ခ) ရွှေမန်းအသက် (၄၂) နှစ်နှင့် မျိုးထက် အသက်(၂၂)
ဖားကန့်မြို့နယ် မိုးကာကျေးရွာထိပ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးကာ ကျေးရွာနေ အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ ဆိပ်မူကျေးရွာအုပ်စုရှိ မိုးကာကျေးရွာတွင် လွန်ခဲ့သည့် မေလ ၂၃ရက်နေ့က စတင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်စခန်းတစ်ခုသည် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါရုပ်အလောင်းကိုသွား ရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။ "ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာ ကျောက်ယမ်းခွဲရာမှ မြေမြိုမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး မြေစာပိ သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ မတ် ၆ ရက်နေ့ နံနက် ၇နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နမ့်မော်ရှိ ရတနာဆန်းရွှင် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကျောက်ယမ်းခွဲရာမှ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး သေဆုံးမြေစာပုံပိသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖြစ်စဉ်သိသူအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ဘေးပတ်ပတ်လည်မှာ