သတင်း

ဖားကန့် စစ်ကောင်စီတပ် လက်နက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်

ဖားကန့်မြို့နယ် မိုးကာကျေးရွာထိပ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးကာ ကျေးရွာနေ အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

ဆိပ်မူကျေးရွာအုပ်စုရှိ မိုးကာကျေးရွာတွင် လွန်ခဲ့သည့် မေလ ၂၃ရက်နေ့က စတင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်စခန်းတစ်ခုသည် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“အခုစကစအဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လက်နက်တွေရမ်းပစ်နေတာရှိတယ်။ ၄၀ မမ တွေကော ပစ်တယ် လက်နက်ငယ်တွေကောပစ်တယ်။ ပစ်တော့အရပ်သားတစ်ယောက်မှန်သွားတယ်။ အမျိုးသား တစ်ယောက်သိပ်တော့ မစိုးရိမ်ရပါဘူး။ လက်မောင်းကိုမှန်သွားတယ်။ အဲ့ဒီရွာက လူတွေတစ်ရွာလုံးကတော့ တံခါးတွေ ပိတ်ထားကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကျည်ထိမှန်ခဲ့သောအမျိုးသားကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မိုးကားကျေးရွာတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် လက်နက်ငယ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင့် လက်နက်ကြီး ၄၀ မမ အချက် ၂၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ပြည်သူအချို့လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“ရွာထဲမှာရှိနေတဲ့လူတွေကတော့ အိမ်ပြင်မထွက်ကြဘူး။ တချို့ကျတော့လည်း စပေါ့ရွာတို့ အနီးရွာတို့မှာ ဆိုင်ကယ်လေးတွေနဲ့ ရှောင်ကတိန်းကြတာရှိတယ်။ စကစတွေက သူတို့ပဲတစ်ဖက်သတ်ပစ်နေတာ ဆွပစ် ပစ်နေတာ တိုက်ပွဲပစ်သလိုဖြစ်နေတာ တာပေမယ့်ဒီဘက်ကတော့ ပြည်သူတွေထိခိုက်မှာ ဆိုးလို့ထိတွေ့မှုမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် မေလ ၂၃ ရက်နေ့မှစတင်ကာတပ်စွဲနေထိုင်ခဲ့သည့် တပ်ဖြစ်ပြီး အင်အား ရာဂဏန်းခန့် ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် မေလ ၂၃ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာ ကရင်ချောင်ကျေးရွာနေအမျိုးတစ်ဦး ဆိုင်ကယ်စီးလာချိန် ရပ်ခိုင်းရာရပ်မပေးသဖြင့် သေနတ်လေးချက်ဖြင့်ပစ်ခဲ့ရာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ လက်နက်ကြီး ကျည်ထိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ‌ဖားကန့် ဝှေခါကျေးရွာအနီး မေလအတွင်း ‌စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button