ဆီဆိုင်

  • Jul- 2024 -
    29 July
    သတင်း

    ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ

    ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်သာမရှိတဲ့ ရောင်းချပေးတဲ့စနစ်ကြောင့် ဆီဆိုင်မှာ လာရောက်တန််််််််််းစီကြတဲ့ ပြည်သူတစ်ချို့ ဆီမရရှိတဲ့အတွက် ဆီဆိုင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဆီဝယ်ယူရခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဆီရောင်းချပေးတာကို အချိန်တစ်ခုကန့်သတ်ပေးတာလည်းမရှိဘူး။ ဆီလိုအပ်လို့ လာတိုးကြတဲ့ ပြည်သူတွေက ရာချီရှိတယ်။ တိုးလို့မရဘူးဆိုရင် အချင်းချင်းရန်ဖြစ်ကြ။ တစ်ချို့သူတွေဆိုရင် အဝေးကြီးကနေ ကိုယ့်မှာရှိထားတဲ့ ဆီကုန်ခံပြီးလာတိုးကြတာ ဆီဆိုင်ကနေ ကုန်ပြီလို့ပြောပြန်ပြောတော့ ကျောက်ခဲတွေနဲ့ပစ်ကြ ခိုက်ကြဖြစ်နေကြတယ်”လို့ ပူတာအိုဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုမတိုင်မှီ ဇွန်လထဲမှာ စစ်တပ်နဲ့ KIA ရဲ့ ညှိနှိုင်းမှုကြောင့် ဆီပေပါ ၃ ထောင်ခန့် ပူတာအိုမြို့ဘက်ကို တင်သွင်းထားပြီလို့သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီရောင်းဝယ်တဲ့ ဆီဆိုင်ကြီးတွေက ဆီပြတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့  ပြည်သူတွေ လိုသလောက်ရောင်းချပေးတာမျိုးမရှိဘဲ အကန့်အသတ်နဲ့သာ ခက်ခက်ခဲခဲ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ ဆီကုန်သည်တွေက လုပ်ငန်းရှင်တွေကိုသာ စျေးနှုန်းတွေမြင့်တင်ပြီး မှောင်ခိုစနစ်နဲ့ ရောင်းချပေးနေတာကြောင့် လက်ရှိပူတာအိုမြို့နယ်ထဲမှာ ဓါတ်ဆီတစ်ပေပါကို မြန်မာငွေ သိန်း ၆၀ အထိ မြင့်တက်နေပြီး ဒီဇယ်တစ်ပေပါ သိန်း ၃၀ အထိရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် လက်ရှိ ပူတာအိုမြို့မှာ ပြည်သူတွေ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အထဲမှာ လက်ကား ပုလင်းချိန်နဲ့ ရောင်းချခွင့်မပေးဘဲ ဖမ်းဆီးတာတွေရှိနေတာကြောင့်လည်း စက်သုံးဆီရရှိဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မတိုင်ခင် ဖုန်းလိုင်းတွေရရှိနေတဲ့အတွက် ပြည်သူတွေအချင်းချင်းဖုန်းကနေ တစ်ဆင့်ဆက်သွယ်ပြီး အဆင်ပြေနေကြပေမယ့် အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက်မှာတော့ ဆိုင်ကယ်နဲ့သွားရတဲ့ခြေနေတွေကြောင့် စက်သုံးဆီအခက်ခဲကပိုပြီးဆိုးလာတာဖြစ်တယ်လို့လည်း ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ …

    Read More »
  • Sep- 2023 -
    4 September
    သတင်း

    ဇင်ယော်ဆီဆိုင်ကို စစ်တပ်က ဘက်ဟိုးနဲ့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားတဲ့ ဝန်ထမ်းအယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်လွတ်ပေးတာမရှိတဲ့အပြင် ဇင်ယောက်ဆီဆိုင် တစ်ဆိုင်ကိုလည်း မနေ့က နေ့လည်ပိုင်းမှာ ဘက်ဟိုးနဲ့ဖြိုချဖျက်ဆီးပေးလိုက်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ…

    Read More »
  • Apr- 2022 -
    20 April
    သတင်း

    ဆီဆိုင်များ ထပ်မံ ပိတ်ထားရ

    မြစ်ကြီးနားမြို့တွင် ယနေ့အထိ ဆီပန့်ဆိုင်အချို့ ပိတ်ထားရကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီက အမေရိကန်ဒေါ်လာကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဧပြီလ ၁၉ ရက်နေ့ကစပြီး စက်သုံးဆီ အရောင်းဆိုင်များမှာ ဆီမရှိတော့ကြောင်းသတင်းများထွက်ပေါ်လာပြီး ပြည်သူများအလုအယှက်ပြေးဝယ်ရသည့် အခြေအနေရောက်သွားခဲ့ခြင်း ဖြစ်သည်။ “ဆီကတော့ မနေ့က…

    Read More »
Back to top button