တောထဲထွက်ပြေးနေရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံ များ နေရပ်ပြန်

ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် ၂ လနီးပါး တောတွင်းတိမ်းရှောင်ခဲ့ရသော ဆွမ်ပီယန်နှင့် အင်စီးယန်ဒေသခံများသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များ၏ ကူညီမှုဖြင့် ယနေ့ ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ကြပြီဟု သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဖြင့် ဖွဲ့စည်းထားသော ၁၇ ဦး ကော်မတီဝင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် ပြန်လာနိုင်ခြင်းဖြစ်သည်ဟု အင်စီးယန် စစ်ရှောင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။