,
ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ဖြစ်တာ။ အခုဆိုတစ်ယောက်ပြီး တစ်ယောက်ကူးစက်နေတာ ရောဂါပုံစံ ယားတယ် အရေပြားပေါ်မှာ အဖုတွေထတယ် အနီးစက်တွေဖြစ်နေတာ အခုချိန်က အလုပ်အကိုင်မရှိ ဝင်ငွေမရှိတော့ စျေး တွေကလည်းအစစ အရာရာတက်နေတော့ ဆေးဝယ်ကုဖို့လည်းမတတ်နိုင်ဘူး” ဟု စစ်ရှောင်စခန်းမှ တာဝရှိသူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် တနိုင်းမြို့တွင် ၃ရက်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး ယနေ့နံနက်ပိုင်းမှ မြို့ပေါ်ရပ်ကွက်အတွင်း ရေကြီးရေလျှံဖြစ်ကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၂၂ရက်နေ့မှစပြီး အဆက်မပြတ် မိုးရွာသွန်းနေသဖြင့် တနိုင်းချောင်းနှင့် တပီချောင်း ၂ခုသည် ရေကြီးရေလျှံဖြစ်ကာ မြို့ပေါ်ရှိသော ပုံခုံးနှင့် ဆမ့်ဆရပ်ကွက်တို့တွင် ရေဝင်ရောက်လာသောကြောင့် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့နေရသည်ဟု တနိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။ "အခုရေဝင်နေတဲ့
တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ယနေ့ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ အနီးပါးအထိ စျေးမြင့်တက်နေကြောင်း သိရသည်။ တနိုင်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများဖြစ်သည့် တခက်၊ ခလုံး၊ တိန်ကောက်၊ လဂျားဘွမ်နဲ့အနီးတစ်ဝိုက် ကျေးရွာများတွင် လွန်ခဲ့သည့် ဧပြီ ၁၉ ရက်နေ့မှ စတင်ပြီး ဓာတ်ဆီ တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးမြင့်တက်ခဲ့ပြီး ဒေသခံအချို့ သွားရေးလာရေးအခက်တွေ့နေရကြောင်း ဒခက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ပြောသည်။ "ဓာတ်ဆီတစ်ပုလင်းကို သုံးထောင်ပေးဝယ်ရတယ်။