တန့်ဆည်

  • Mar- 2024 -
    4 March
    သတင်း

    တန့်ဆည်မှာ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ရပ်ကျေး ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ယောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အမျိုးသား ၁၁ ယောက်ဖြစ်ပြီး KNG က ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သတ်ဖြတ်ခံရသူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို အပိုင်းပိုင်းဖြတ်ထားတာ တွေ့ရသလို ဗိုက်ကိုဖောက်အူကိုထုတ်၊ တချို့အလောင်းတွေဆိုရင် အသည်းပါထုတ်ထားတာ တွေ့ရပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစ စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ အင်အား၂၀၀ ကျော်က ရွာစဥ်စစ်ကြောင်းပတ်ထိုးပြီး ကျူးလွန်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ “၁၁ဦးထဲကမှ ခနောရွာသစ်ကျေးရွာက ရပ်ကျေးပကဖတာဝန် ခံနဲ့  ရပ်ကျေးပအဖတာဝန်ခံ ၂ဦး လုံးကို သတ်ဖြတ်သွားတယ် ကျန်တာတွေက လက်လုပ်လက်စားရိုးရိုးသားသား အရပ်သား ပြည်သူတွေပါဗျာ ရွာတွေထဲနဲ့ ရွာအနီးတဝှိုက်တောစပ်ထဲမှာပဲ သတ်ဖြတ်ခဲ့ကြတယ်”လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ၁၁ဦးထဲမှာ အချုပ်သား ၂ ယောက်လည်းပါဝင်တယ်လို့ သိရပြီး စစ်ကောင်စီတပ် ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ PDF ၁၁ ယောက်ကို ဘီလူးကွန်မန်ဒိုစစ်ကြောင်းက သုတ်သင်ရှင်းလင်းလိုက်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ငနုချောင်းအုပ်စု ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ခံတော ရွာက အသက် ၅၀ အရွယ် ကိုဝင်းနိုင်၊ ခံတော်ရွာသစ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရပ်ကျေးတာဝန် ခံ အသက် ၅၂ နှစ်အရွယ် ဦးရှမ်း၊ ကံထူးမရဲစခန်းက အကျဥ်းသား ၂ ယောက် ရွာသစ်ကုန်း၊ အင်ပင်အိုင်၊ ဇီးပေါက်၊ပန်းတိမ်ကုန်း၊ဆူးပါကုန်းနဲ့ ဝါးရငယ် ရွာ က အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ပြီး ပြည်သူတွေ ကို အကြောက်တရားသွင်းတဲ့သဘောဖြစ်တယ်လို့ ကိုထူးခန့်က အခုလိုပြောပါတယ်။ “ပြောချင်တာကတော့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းဆိုတော့ အဟုတ်မှတ်တာပေါ့ဗျာ တကယ်တမ်း က ဒီစစ်ကြောင်းက  အခုလိုပြည်သူတွေကို အငိုက်ဝင်ဖမ်း PDFခေါင်းစဥ်တပ်ပီး အပိုင်းပိုင်း သတ် ပြ မိန်းကလေးတွေကိုမုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ပြနေလို့  ဘီလူးစစ်ကြောင်းဆိုပီး နာမည်ဆိုး နဲ့ ကျော်ကြားတာပါပြည်သူတွေကို အကြောက်တရားသွင်းတဲ့သဘောမျိုးပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ရုံမက ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စတဲ့ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထပ်ထိုး နေပြီး အရပ်သား ၅ ထောင်ကျော်ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ခွေးဘီလူးစစ်ကြောင်းနဲ့ အနီးဝန်းကျင်ကကျေးရွာတွေလည်း မိဘပြည်သူများ ဖမ်းဆီးသတ်ဖြတ် မခံရအောင် မပေါ့ဆကြဖို့ ဘေးလွတ်ရာကြိုတင်တိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်ဗျ လက်ရှိ မနေ့ကပဲ စစ်ခွေးကြောင်းတွေက အနောက်ဘက်ခြမ်းရွာတွေဘက်ကနေ တန့်ဆည်မြို့တွင်းပြန်ဝင် တယ်” လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေ မတ်လ ၃ ရက်မနေ့ကအထိ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့သလို အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ လည်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး ကာကွယ်ရေးတပ်ဘက်ကတော့ ၃ ယောက်ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • Sep- 2023 -
    22 September
    သတင်း

    တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်တွေရဲ့ ဂိတ်စခန်းတွေကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်တိုက်ပွဲ ၃ နာရီကြာပြင်းထန်ခဲ့တယ်လို့ Voice of Taze- VOT က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ရွှေဒေါင်းမင်း (စက်သုံးဆီ ၊ ဆန်စက် )ထဲမှာ…

    Read More »
Back to top button