ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဒီပဲယင်းမြို့နယ်ရှိ ကြည်ကျေးရွာနှင့် ဘုရားထွက်ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်းမှ စ၍ ယနေ့ မနက်ပိုင်းအထိ နေအိမ်များကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၇၀၀ ခန့် မီးထဲပါသွားခဲ့ပြီး မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ညနေ ၄ နာရီဝန်းကျင်တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်း နှစ်ဖွဲ့ခွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့က သူတို့က နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကြီးနှင့် ဆူးတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၄ခုခွဲပြီး ပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်းကြီး နှင့် ဆူးတပ်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ညနေ ၄နာရီဝန်းကျင်တွင် ကျေးရွာအတွင်း စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။ "မူးကမ်းကြီးရော ဆူးတပ်ဆိုတဲ့ရွာရောပေါ့။ ကျနော်တို့ကတော့ မူးကမ်းကြီးဆူးတပ်လို့တွဲခေါ်ပါတယ်။ ရွာချင်းကပ်လျှက်ပေါ့။ ပထမကမူးကမ်းကြီးကုန်းသာဘက်ကိုစရှို့တယ်။ အခုကဆူးတပ်ဘက်ကို
ဒီပဲယင်းတွင် ဩဂုတ်လ ၄ ရက်နေ့မှစကာ စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်မူ၊ နေအိမ်မီးရှို့မှုတို့ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။ "စစ်ရှောင်တွေအနေနဲ့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ဘူး ဘာလို့ဆို မြေပြင်ရောဝေဟင်ကပါ ရုတ်တရက် စစ်ကြောင်းထိုးလာတာကို အဲ့တော့ ပိုင်ဆိုင်တဲ့ ရွှေငွေကအစ ယူချိန်မရလိုက်ကြဘူး။ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကလိုအပ်တာက စားနပ်ရိက္ခာပါ" ဟု
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ပေါက်တောကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ ပုဂံရွာသားများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိုအထဲတွင် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေသည်ဟု သိရသည်။ ဇူလိုင်လ ၁၀ ရက်နေ့က ပုဂံရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပုဂံရွာတွင် ညအိပ်တပ်စွဲ နေထိုင်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပေါက်တောရွာသို့ ဝင်ရောက်လာ၍ ကျေးရွာအတွင်း လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ "မြေပြင်မှာတော့ မနေ့က သက်ကြီးရွယ်အိုတွေက သုံးကြိမ်
စစ်ကိုင်းတိုင်းဒေသ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် သုံးကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ခု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၄နာရီမှစတင်ကာ ယမန်နေ့အထိ ဒီပဲယင်းမြို့ နယ် ဆပ်ပြာကျင်းဘုတ်ရွာနဲ့ ကြည်ကျေးရွာအနီးတစ်ဝိုက်တွင် Mi-35 နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံများ ၂၀၀ နီးပါးခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဦးရေ နှစ်ထောင် ဝန်းကျင်အတွက် စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများထံမှ သိရသည်။ မေလဆန်းပိုင်းမှ စကာ စစ်ကောင်စီတပ်သားများသည် ဒီပင်ယင်းမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ တောင်ဘက်ခြမ်းများသို့ စစ်ကြောင်းထိုးလာမှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ပိုများလာသည့်အပြင် ရှေ့ဆက် မိုးတွင်းကာလဖြစ်သောကြောင့် စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်အကူအညီများ လိုအပ်ကြောင်း သိရသည်။ "စားနပ်ရိက္ခာခက်ခဲတာပေါ့။ ဒီရှေ့လျှောက်ပိုခက်ခဲမယ် မိုးတွင်းမှာပါ ရှောင်ရမယ်ဆိုရင် ကျနော်တို့က ကွင်းပြင် ဖြစ်တဲ့အတွက် တောင်ပေါ်ဒေသထက်