ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ကျင်းပနေချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေသည့်အချိန်   ဖားကန့်အချုပ်ထောင်ရှိသည့်ဘက်မှ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက် သပိတ်အတွင်းပါဝင်နေသော အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ကျည်ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု နီးစပ်ရာ