,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

  1. Home
  2. နတ်ချောင်း

Tag: နတ်ချောင်း

သတင်း
နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ

နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း

သတင်း
သစ်ကိုင်း ကျိုးကျထိမှန်ခဲ့သည့် နတ်ချောင်း စစ်ရှောင်မိန်းခလေးတစ်ဦး ဆေးဝါးမရှိ၍ အသက်ဆုံးရှုံးလိုက်ရ

သစ်ကိုင်း ကျိုးကျထိမှန်ခဲ့သည့် နတ်ချောင်း စစ်ရှောင်မိန်းခလေးတစ်ဦး ဆေးဝါးမရှိ၍ အသက်ဆုံးရှုံးလိုက်ရ

ကလေးမြို့နယ် နတ်ချောင်းကျေးရွာ စစ်ရှောင်စခန်းမှ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျရာ အမျိုးသမီးငယ်တစ်ဦးကို ထိမှန်ခဲ့ပြီး ကုသပေးမည့်ဆေးဝါး မရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းမှ သိရသည်။ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် နတ်ချောင်းကျေးရွာအတွင်း မိုးသက်လေပြင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်စခန်းရှိ တဲတစ်လုံးပေါ်တွင် သစ်ကိုင်းကျိုးကျခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အမျိုးငယ်တစ်ဦးထိမှန်ခဲ့ရာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကုသပေးမည့် ဆေးဝါးမရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းနေပြည်သူတစ်ဦးက KNG သို့ပြောသည်။ ''သူတို့ဆောက်ထားတဲ့တဲရဲ့အနောက်ဘက်မှာ အပင်ကရှိနေတာ