နန့်စီးအောင်
-
Nov- 2024 -28 Novemberသတင်း
မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ
ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းလောက်ကစလို့ မန္တလေး–မြစ်ကြီးနား အတက်အဆင်း ယာဥ်တွေနဲ့ စက်သုံးဆီသယ်ဆိုင်ကယ်တွေအားလုံးကို သွားခွင့်မပေးပဲပိတ်လိုက်ထားတာလို့ သိရပါ တယ်။ သို့သော် ဒီကနေ့မှာတော့ ကချင်ပြည်နယ်ကိုတက်မယ့် ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးနေပြီး စက်သုံးဆီသယ်ဆိုင်ကယ်တွေကို ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ “မော်လူးမြို့မှာ မန္တလေးကိုသွားတဲ့ အဆင်းကားနဲ့ ဆီသယ်ကယ်ရီဆိုင်ကယ်တွေပိတ်မိနေတယ်။ မော်ဟန် ရဲစခန်းက ဆီသယ်ကယ်ရီတွေကိုပိတ်ထားတာ အစီးတစ်ရာလောက်ရှိတယ်။ အခုတော့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ယာဥ်တွေကိုပိတ်ထားဆဲပါ။ အတက်ကုန်ကားတွေကိုတော့လွတ်ပေးနေတယ် အဆင်းကားတွေ တော့အခုထိပိတ်မိနေဆဲပဲ။ ဆီကားတွေကိုမော်ဟန်ကစပိတ်တဲ့သဘောပဲ”လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ် အင်းတော်မြို့နယ် တိုက်ပွဲမတိုင်ခင်ကတည်းက ကချင်ပြည်နယ်ထဲဝင်မယ့် စက်ဆုံးဆီသယ်ဆီဘောက်ဆာကားတွေကို စစ်ကောင်စီတပ်ဟာ အဝင်မခံဘဲ နန့်စီးအောင်ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ထားတာ ၄ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကချင်ပြည်နယ်ကိုစက်သုံးဆီသယ်ဖို့အတွက် ဒေသခံတွေဟာ ဆိုင်ကယ်၊ ပါဂျဲရိုးကုန်တင်ကားတွေကို အသုံးပြုပြီး စက်သုံးဆီတွေသယ်ယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အင်းတော်ကို လေယာဥ်လာတယ်လို့သတင်းရတယ်။ မနေ့ကပါ။ အခုအချိန်ထိ အဆင်းကားတွေ မဖွင့်သေးဘူး အတက်ကားတွေတော့စဖွင့်ပေးနေပြီ။ စစ်ကိုင်းနဲ့ကချင်အစပ် နန့်စီးအောင်ဂိတ်မှာက ဆီဘောက်ဆာကားတွေပိတ်ထားတာကကြာပြီ ဆိုင်ကယ်ကယ်ရီနဲ့ ပါဂျဲရိုးဆီပုံးသယ်ကားတွေနဲ့ သယ်ယူနေကြတာပါ အင်းတော်တိုက်ပွဲမတိုင်ခင်တည်းကဆီတွေကို အဲ့လိုသယ်နေတာပေါ့”လို့ နောက်ထပ်ပိတ်မိနေသူတစ်ဦး လက်ရှိအဲ့ဒီဒေသတစ်ဝှိုက်ကအခြေနေကိုပြောပြပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါ တယ်။ စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သတင်းဌာနတွေမျာဖော်ပြနေပေမဲ့ စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ချက်ကိုတော့ KNG ကအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ခုလိုစက်သုံးဆီယာဉ်တွေကို သွားလာခွင့်ပိတ်ထားတာကြောင့် လက်ရှိတော့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ စက်သုံးဆီဈေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေပြီး စက်သုံးဆီလုံးဝပြတ်လပ်သွားတာမျိုးမဟုတ်ပေမဲ့ ဒေသခံတွေဟာ အကန့်အသတ်တွေနဲ့သာ စက်သုံးဆီတွေဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီနေ့မှာတော့ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ (တစ်သောင်း) ဝန်းကျင်အထိ စျေးတက်နေဆဲဖြစ်ပါတယ်။ By – အမိုး
Read More » -
Oct- 2024 -3 Octoberသတင်း
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။ “ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ဂိတ်တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ထောင် ၁သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို ၂ သိန်းကျော်လောက်ကျတာပေါ့”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီးကို ၂ သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကားအသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံတာလို့ သိရပါတယ်။ “ အခုလမ်းတွေကဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ပေါ့။ အခွန်ရယ်လို့တစ်စီးကိုဘယ်လောက်သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ် မူတည်ပြီး မင်းတို့ဘာတွေတင်လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ” လို့ပြောပါတယ်။ အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ငွေကြေးများပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာအခွန်ကောက်ခံတဲ့ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေကပြောပါ တယ်။ “တကယ့်တကယ်ထိခိုက်တာကဒေသခံတွေပဲ သူတို့က လမ်းကြေး ၅၀၀၀ ဆိုရင် အဲ့အတွက် ကုန်သည်တွေ က အမြတ်ထပ်တင်၊ ကားသမားတွေကပါ ထပ်တင် ကြားထဲကနေပြည်သူတွေပဲ ကုန်ဈေးနှုန်း ဒဏ်ခံရတာ ပေါ့။ ကုန်ဈေးနှုန်းကမတက်ရင်လည်း သယ်ယူ စားရိတ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်ကုန် ကြတာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေး တွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ် ကတည်းကဖြစ်ပါတယ်။ By – အမိုး
Read More » -
Jun- 2024 -21 Juneသတင်း
နန့်စီးအောင်ဂိတ်မှာ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခ သိန်း ၂၀၀ အထိ အခွန်ကောက်ခံပြီး အကန့်အသတ်နဲ့သာသွားခွင့်ပြုနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်မှာ စစ်ကောင်စီတပ်က ဆီဘောက်ဆာကားတစ်စီး ဖြတ်သန်းခအတွက် ကျပ်သိန်း ၂၀၀ အထိအခွန်ကောက်နေပြီး တစ်ရက်ကိုကားကြီး ၅ စီးလောက်ပဲ ဖြတ်သန်းခွင့်ပြုတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ အခုလို စစ်ကောင်စီတပ်က တစ်ရက်ကိုကားကြီး ၅ စီးသာဖြတ်သန်းခွင့်ပြုနေတဲ့အတွက် ရာနဲ့ချီတဲ့…
Read More » -
Jan- 2023 -2 Januaryသတင်း
ကောက်လှိုင်းပုံထဲတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းပေါက်ကွဲ၍ စပါးချွေနေသည့်ပြည်သူတစ်ဦး မိုင်းစထိမှန်
အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က ကောက်လှိုင်းပုံထဲ၌ မိုင်းတစ်လုံးထောင်ထားခဲ့ရာ ယင်းမိုင်းပေါက်ကွဲမှုကြောင့် စပါးချွေနေသည့် ဒေသခံတစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် နမ့်စီးအောင်ဘက်မှ ဝင်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့…
Read More »