နန့်သာရွာ

  • Jun- 2024 -
    27 June
    သတင်း

    နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင်  ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို  နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၉ ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား ၆ ဦး ၃ ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ “အလောင်းတွေကိုမနေ့ကမှမြှပ်လို့ရသွားတာလေး စစ်သားတွေက အလောင်းလာမြုပ်ကြပါခေါ်လို့ ၅ ယောက်သွားပြီး မြှပ်ကြတာ။ အဲဒီချိန်ပိတ်မိနေတဲ့ထဲက လမ်းလျောက်နိုင်တဲ့သူတွေကို စစ်သားတွေ ကတုတ်ကျင်းမှာရှိနေတဲ့အချိန်အနောက်တောလမ်းကနေခေါ်ထုတ်လာခဲ့ကြတာ”လို့ အောင်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ထဲမှာတော့ အမျိုးသား ၅ ဦးနဲ့ အမျိူးသမီး ၁၀ ဦးဖြစ်ပြီး ရုပ်အလောင်းကိုလည်း ဇွန်လ ၂၅ ရက်နေ့ နန့်သာသုသာန်မှာ သဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရအမျိုးသမီး ၂ဦး မသန်စွမ်းတစ်ဦးနဲ့လူစာစောင့်အမျိုးသား ၃ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ “နန့်သာလေယာဥ်ကျဲလို့သေသွားတဲ့ ၁၅ ဦးကိုမနေ့က နန့်သာသုဿန်ထဲမှာသဂြိုလ်ပေးခဲ့တယ် အားလုံးကို တစ်ကျင်းထဲမှာပဲသဂြိုလ်ပေးခဲ့လိုက်တယ်ဗျ။ ခုပိတ်မိသွားတဲ့ ၁၅ ယောက်ထဲက ၉ ယောက်ကတော့ပြန်လွတ်ခဲ့ပြီ ကျန်နေတာကလမ်းလုံးဝမလျှောက်နိုင်တဲ့ ဒဏ်ရာရ နှစ်ယောက်ရယ် မသန်စွမ်းတစ်ယောက် ပြီးတော့လူနာစောင့် ၃ ယောက်ရယ်ကျန်နေခဲ့တယ်”လို့ သူကပြောပါတယ်။ နန့်သာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကနဦးက သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့ ကရုပ်အလောင်းသွားရောက်သဂြိုလ်သူတွေအတည်ပြုချက်အရ သေဆုံးရုပ်အလောင်း ၁၅ ဦးအထိပဲရှိတယ်လို့ဆိုပါတယ်။ နန့်သာကျေးရွာထဲမှာ အင်အား ၃၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်မတ်လထဲက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကအရပ်သားတွေကိုဖိနှိပ်နေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ ည၇နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီစစ်သားတွေဘက်ကအထိနာနေတာကြောင့် ည ၁၁ နာရီအချိန်မှာ ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းထဲအတင်းအဓမ္မခေါ်ဆောင်ထားခံရသူတွေဟာ လက်ရှိနန့်သာရွာမှာတပ်စွဲနေတဲ့စစ်ကြောင်း ရွာထဲဝင်ရောက်လာစဥ်ထွက်ပြေးခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။ နန့်သာကျေးရွာထဲကို အင်းတော်မြို့တွင်းတပ်ကနေ အင်အား ၁၀၀ ဝန်ကျင်းပါတဲ့စစ်ကြောင်းတစ်ကြောင်းစစ်ကူလာနေပြီး နန့်သာ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ သက္ကယ်ကျင်းရွာမှာရောက်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 25 June
    သတင်း

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။  ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မရဘဲပိတ်မိနေဆဲဖြစ်တယ်လို့  စစ်ဘေးရှောင်နေတဲ့နန့်သာကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ခေါ်နေထားတာလေး သူတို့(စစ်ကောင်စီစစ်သား)တွေ ကမသေပါဘူး လေလာဉ်လာတဲ့ချိန်သူတို့က ကတုံးကျင်းတွေ၊ဗုံးခိုကျင်းတွေထဲဝင်ပြေးသွားကြတယ်တဲ့ ရွာသားတွေက အဆောက်အဦးထဲမှာပဲရှိနေတဲ့အဲ့အဆောက်အဦးပေါ်ကျဲလိုက်တော့ ဦးပဇင်းတစ်ပါးနဲ့ရွာသားခြောက်ယောက် ဟာပွဲချင်းပြီးဖြစ်သွားတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ကျဲချခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ အရပ်သားတွေစုနေတဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်သွားတဲ့ညက အသက် ၄၀ ကျော်ဦးပဇင်းတစ်ပါးနဲ့ရွာသား ၇ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်သူတွေကိုကယ်ထုတ်လို့မရတာကြောင့် တစ်ချို့သွေးလွန်သေဆုံးတာတွေရှိသွားပြီး မနေ့ကအထိ သေဆုံးသူ ၁၇ ဦးအထိရှိလာပြီလို့ အင်ပင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပြည်သူက ၁၇ ယောက်ရှိပြီ ရဟန်းသာတစ်ပါးပါတယ် အဲ့ဒါကတော့သေသွားတယ်အဲ့လိုဆိုတော့အခါကျတော့ အခု ဒဏ်ရာရတာက ၃၀ ဝန်းကျင်လောက်ရှိတယ် အခုလည်းကယ်ထုတ်ဖို့ရာကျွန်တော်တို့အခု ချိတ်ဆက်ပြီးမှ နည်းနည်းကြိုးစားနေတယ်ပေါ့လေ ပိတ်မိနေတဲ့ပြည်သူတွေကအခု ထမင်းလည်းမစားရဘူး ရေလည်းမသောက်ရဘူး”လို့ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ နန့်သာရွာလေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဦးဇင်းဝင်းဇော်၊ ဒေါ်ကျင်စော ၅၇ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှစ် ၆၂နှစ်၊ မစနလင်း ၃၂နှစ်၊ မသူဇာမော် ၃၄နှစ်၊ ဦးကျော်မျိုး ၃၇နှစ်၊ မခင်စံပယ် ဉီး ၃၀နှစ် ၊ ဒေါ်ဂျမ်းပုံ ၈၀နှစ်၊ ဒေါ်အေးတင် ၅၀နှစ်၊ မကြူကြူ ၄၅နှစ် ကိုတင်စိုးလွင် ၄၂ နှစ်နှင့် အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဇွန်လ ၂၂ ရက်နေ့က ပွဲချင်းပြီးသေဆုံးသူ ၇ဦးသာရှိခဲ့ပေမယ့် အချိန်မှီမကယ်ထုတ်နိုင်တာကြောင့် ဆေးဝါးကုသခွင့်မရတဲ့အတွက် ဇွန်လ ၂၃ရက်နေ့ နဲ့၂၄ ရက်နေ့အတွင်းနောက်ထပ်သေဆုံးသူ ၁၀ ဦးအထိတိုးလာတယ်လို့သိရပါတယ်။ လက်ရှိ နန့်သာဘုန်ကြီးကျောင်းထဲမှာ ဒဏ်ရာရပြည်သူ ၂၀ ကျော်နဲ့ဒဏ်ရာမရထားတဲ့ပြည်သူ ၁၀ ဦးကျော် စုစုပေါင်းပြည်သူ ၃၀ ကျော်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကဘုန်းကြီးကျောင်းမှာတပ်စွဲတာလေး အဲ့တော့ဘုန်းကြီးကျောင်းနဲ့နီးတဲ့အိမ်တွေထဲက ပြည်သူတွေကို ညဘက်ဘုန်းကြီးကျောင်းမှာခေါ်စုပြီးအိပ်ခိုင်းတာ ပုံမှန် လူဦးရေ၄၀ ကျော် ၅၀ အထိကိုခေါ်အိပ်ခိုင်းတယ်။ အခုလည်း ဒဏ်ရတဲ့သူတွေက ၂၀ ကျော်ဆို အားလုံး ၅၀ ဝန်းကျင်လောက်တော့ပိတ်မိနေတယ် ဖုန်းကလည်း ၂၃ ရက်နေ့အထိတော့ဆက်သွယ်လို့ရတယ် ဘယ်လို့မှသွားကယ်ထုတ်လို့မရဖြစ်နေတယ်“လို့သူကပြောပါတယ်။ နန့်သာကျေးရွာထဲက ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို တာဝန်ရှိသူတွေက ညှိုနိုင်းနေဆဲပဲလို့သိရပြီး ပိတ်မိနေတဲ့ဒဏ်ရာရပြည်သူတွေကိုအချိန်မှီမကယ်ထုတ်နိုင်ရင် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။…

    Read More »
  • Feb- 2024 -
    16 February
    သတင်း

    နန့်သာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူဘက်ခိုလုံလာ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူ့ဘက်ကိုထွက်ပြေးခိုလုံလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဝင်ရောက်တပ်စွဲနေတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ တပ်မ ၇၇…

    Read More »
Back to top button