သတင်း

နန့်သာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူဘက်ခိုလုံလာ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၄ ဦး ပြည်သူ့ဘက်ကိုထွက်ပြေးခိုလုံလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဝင်ရောက်တပ်စွဲနေတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းထဲက စစ်သား ၄ ဦးဟာ ဇန်နဝါရီလထဲမှာ ပြည်သူဘက်ကိုထွက်ပြေးခိုလုံလာတယ်လို့ ထွက်ပြေးခိုလုံလာသူတွေကိုလက်ခံခဲ့တဲ့ မော်တိတ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စုစုပေါင်းဆို ၄ ယောက်ရှိပြီဗျ ဇန်နဝါရီလ အစောပိုင်းက သုံးယောက်တစ်ဖွဲ့ပြေးတဲ့ထဲမှာ ကျွန်တော်တို့ဆီရောက်လာတယ်လို့အထက် ၅၄ နှစ် အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

ပထမဆုံးထွက်ပြေးသွားတဲ့သုံး ယောက်တစ်ဖွဲ့ဟာ ဒီနှစ်ဇန်နဝါရီလ ၆ ရက်နေ့ကဖြစ်ပြီး အလားတူ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း တစ်ဦးထွက်ပြေးလာပြီး ကျွန်းတောဘက်ကစစ်ဘေးရှောင်ပြည်သူတွေဆီရောက်လာတယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ယောက်က သူကတော့တစ်ယောက်ထဲယောက်လာတာ တပ်သားအဆင့်ပဲ။ သူကနန့်သာအထိုင်တပ်ထဲမှာစက်ကိုင်တယ်ပြောတယ် ဆက်သွယ်ရေးလိုင်းတွေသူကိုင်တာ တပ်ထဲမှာမနေချင်ဘူး အင်းတော်PDF နဲ့ဆက်သွယ်ပေးပါ သူတို့ထဲဝင်ချင်တယ်ဆိုပြီး အကူအညီ တောင်းလာတယ် ကျွန်တော်တို့လည်းတတ်နိုင်သလောက်တော့လုပ်ပေးလိုက်တယ်လို့ နန့်သာက စစ်ရှောင်အမျိုးသားကပြောပါတယ်။

နန့်သာကျေးရွာ မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ် မတ်လ ကစတင်ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး အဲ့ဒီစစ်ကောင်စီတပ်တွေရှိနေတာကြောင့် လက်ရှိမော်တိတ်ဒေသထဲက ကျေးရွာပေါင်း ၁၀ ရွာခန့်စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button