သတင်း

အိန္ဒိယဘက်ခြမ်း စျေးဝယ်ခွင့် တစ်ပတ် ၆ ကြိမ်အထိခွင့်ပြုလာ

အိန္ဒိယမြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေ အိန္ဒိယဘက်ခြမ်းကို စျေးဝယ်ခွင့် ယခင်တစ်ပတ်တစ်ကြိမ်ခွင့်ပြုပေးရာကနေ ယခုတစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆောင်မြို့နယ် နဲ့ နန်းယွန်းမြို့နယ် ပြည်သူတွေ လိုအပ်တဲ့ကုန်စည်အတွက် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာအဓိကအားထားနေရတာဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရဘက်က ခောတ်အဆက်ဆက် စျေးဝယ်ထွက်ခွင့်ကို တစ်ပတ်တစ်ကြိမ်သာခွင့်ပြုပေးထားရာကရာက‌နေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလစပြီး တစ်ပတ်ကို တနင်္လာကနေ စနေအထိ ခြောက်ကြိမ်အထိခွင့်ပြုပေးထားပြီလို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

မြန်မာဘက်ခြမ်းကပြည်သူတွေကိုငဲ့ညှာပေးတဲ့အနေနဲ့အိန္ဒိယဘက်က ခွင့်ပြုပေးလိုက်တာ တစ်ပတ်ကိုခြောက်ခြမ်ဆိုတော့အရမ်းအဆင်ပြေသွားပြီလေး Sunday တော့သွားလို့မရဘူးကျန်တဲ့နေ့ကတော့နေ့တိုင်းသွားလို့ရတယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

နန်းယွန်း၊ ပန်ဆောင်မြို့နယ်တွေထဲကပြည်သူတွေဟာ အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ဆေးဝါး၊ လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို ပန်ဆောင်နယ်စပ်ဂိတ်ကနေတဆင့် ၁၁ မိုင်ကျော်ဝေးတဲ့ အိန္ဒိယနိုင်ငံရဲ့နယ်စပ်မြို့ နာမ်ပေါင်မြို့ထဲကိုသွားရောက်ဝယ်ယူကြရတာဖြစ်ပါတယ်။

အိန္ဒိယဘက်ခြမ်းက အခုလိုခွင့်ပြုပေးရာမှာ ကန့်သတ်ချက်တစ်ချို့ရှိနေသလို အစစ်အဆေးလည်းများတယ်လို့ သိရပါတယ်။

ကန့်သတ်ချက်တွေတော့ရှိတယ်။ဘာပစ္စည်းဖြစ်ဖြစ်ကိုယ်လိုသလောက်အများကြီးဝယ်လို့မရဘူး အကန့်အသတ်နဲ့ပဲ စီးပွားဖြစ်ပြန်ရောင်းလို့ရတဲ့အတိုင်းအတာထိဝယ်လို့မရဘူး။ စစ်တာလည်းတော်တော်စစ်တယ်ဓာတ်ပုံတွေတစ်ယောက်ချင်းစီရိုက်တယ်၊တကိုယ်လုံးDigital စနစ်နဲ့စစ်တာတွေရှိတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ဖို့ ပန်ဆောင်မြို့က သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးဆီထောက်ခံစာယူရပြီးယင်းထောက်ခံစာဖြင့် လ..က ရုံးဆီ နယ်စပ်ဖြတ်သန်းခွင့်ကဒ်ပြားထုတ်ယူရကာ အုပ်ချုပ်ရေးမှူးဆီ ကျပ် ၁၀၀၀ ၊လ..က ရုံးမှာ ကျပ် ၂၀၀၀ ပေးဆောင်ရကြောင်းသိရပါတယ်။

ပန်ဆောင်၊နန်းယွန်းမြို့နယ်တွေဟာ မြန်မာပြည်ရဲ့ဝေးလှံခေါင်ဖျားတဲ့ဒေသထဲမှာပါဝင်ပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲတာကြောင့် မြန်မာပြည်ဘက်က ကုန်စည်တွေသယ်ယူဖို့ခက်ခဲလို့ အိန္ဒိယနယ်စပ်ကိုသာအဓိက အားထားနေကြရတာဖြစ်ပါတယ်။

အိန္ဒိယမြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button