နာဂလက်နက်ကိုင်

  • Jan- 2026 -
    29 January
    ဆောင်းပါး

    နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ

    ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။ ဇန်နဝါရီ (၉) ရက်နေ့ ပန်ဆောင်မြို့နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ခမ္မတိုင်ကျေးရွာ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ တကားကျေးရွာ နဲ့ နာမ်ဖာကျေးရွာကြားတို့မှာ အသီးသီး ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ ခမ္မတိုင်ကျေးရွာတိုက်ပွဲမှာ NSCN-K အန်းမိုင်းအဖွဲ့က နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • 7 January
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ

    ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်း–အိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ နာဂလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K(YA) နဲ့ NSCN-K (AM) ကြား အခြေအနေတင်းမာနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ် အန်းမိုင်း ဦးဆောင်တဲ့ NSCN-K(AM) တပ်ဖွဲ့အင်အား လေးဆယ်ကျော်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်…

    Read More »
  • Feb- 2025 -
    7 February
    သတင်း

    နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ ဗိုလ်ချုပ် Singnya ဦးဆောင်တဲ့ နာဂအမျိုးသားကောင်စီ(NNC/FGN) တို့ဟာ နိုင်ငံရေးလမ်းစဥ်နဲ့ ဘုံရပ်တည်ချက်တွေ တူညီတာကြောင့်နိုင်ငံရေးအရ  အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN -K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါဟာ နာဂဒေသတွင်းငြိမ်းချမ်းရေးအတွက်ရှေ့ရှူ့ပြီးနှစ်ဖက်တိုက်ပွဲတွေမရှိဖို့နဲ့…

    Read More »
  • Apr- 2024 -
    3 April
    သတင်း

    နာဂလက်နက်ကိုင် ENDA ဗိုလ်မှူးတစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Naga Defense Army (ENDA )အဖွဲ့ထဲက ဗိုလ်မှူးတစ်ဦးခရီးသွားရင်းလုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ENDA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဧပြီ ၂ ရက် မနေ့ မွန်းလွဲပိုင်းမှာ လဟယ်နဲ့ခန္တီးကြား လဟယ်မြို့နယ်ထဲက…

    Read More »
  • Feb- 2024 -
    17 February
    သတင်း

    နာဂလက်နက်ကိုင် NSCNK နှစ်ဖွဲ့လုံးကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန် စစ်ကောင်စီကြိုးပမ်းနေ 

    စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCNK)လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကို စစ်တပ်က ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ NSCNK-YA(ဗိုလ်ချုပ်ယုံးအောင်ဦးဆောင်အဖွဲ့) နဲ့ NSCNK ကနေ ခွဲထွက်သွားတဲ့ NSCNK-AM (ဗိုလ်ချုပ်အန်းမိုင်းဦးဆောင် အဖွဲ့) နှစ်ဖွဲ့စလုံးကိုစစ်ကောင်စီတပ်က နာဂရိုးရာယဥ်ကျေးမှုကော်မတီက တာဝန်ရှိသူတွေကိုစေလွတ်ပြီး ပြည်သူစစ်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့…

    Read More »
  • Jul- 2023 -
    6 July
    သတင်းခလုံးချောင်းရေဆိပ်

    နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။…

    Read More »
Back to top button