နောင်းချိန်း

  • Sep- 2026 -
    17 September
    သတင်း

    ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေပြော

    တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ကုန်ပစ္စည်းသယ်ယူရာမှာ တရားဝင်အခွန်အပြင် လမ်းတလျှောက် ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးနေရတာကြောင့် ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေက ပြောပါတယ်။

    Read More »
  • Aug- 2026 -
    24 August
    သတင်း

    ဂိတ်ကြေး အဆမတန် ကောက်ခံမှုများကြောင့် ကုန်စျေးနှုန်းဒဏ် အများပြည်သူအပေါ် သက်ရောက်

    မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ကန်ပိုင်တီဂိတ်ကနေ ဝင်လာတဲ့ စက်သုံးဆီတင်ကားတွေဟာ မြစ်ကြီးနားအထိ သယ်ယူရာမှာ လမ်းပိုင်း ဂိတ်ကြေးမှာတင် သိန်း ၅၀၀ ခန့်အထိ ကုန်ကျတာကြောင့် ဆီစျေးနှုန်း နဲ့ အများပြည်သူအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ဆီကုန်သည်တွေ ပြောပါတယ်။

    Read More »
  • Jul- 2026 -
    13 July
    သတင်း

    ကျောင်းဆောက်ဖို့ ငွေကောက်ခံမှုကြောင့် နောင်းချိန်းဒေသခံနဲ့စစ်ရှောင်များ အခက်ကြုံ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာ၊ အထက်တန်းကျောင်းမှာ ကျောင်းဆောင်သစ်ဆောက်ဖို့အတွက် ငွေကြေးကောက်ခံမှုတွေရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေ နဲ့ ဒေသခဲံကျောင်းသားမိဘတွေ အခက်ကြုံ နေရတယ်လို့ သိရပါတယ်။ လတ်တလော ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့ဆိုကာ ကျောင်းသားသစ် တစ်ဦးကို ကျပ် ၄ သောင်းနဲ့ ကျောင်းသားဟောင်းဆိုရင်တော့…

    Read More »
  • May- 2026 -
    8 May
    သတင်းဆောင်းပါး

    အာဏာသိမ်းမှုနောက်ပိုင်း လူပြောနည်းသွားတဲ့ ဝိုင်းမော်ဒေသက တစ်သျှူးငှက်ပျော

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှု တဖန်တွင်ကျယ်လာပြီး လူနေဧရိယာ နှင့် မွေးမြူရေးအတွက်ပါ ခက်ခဲလာတဲ့ အခြေအနေကို ကြုံတွေ့လာရပြီလို့ ဒေသခံတွေ ပြောပါတယ်။

    Read More »
  • Apr- 2026 -
    8 April
    သတင်း

    ဝိုင်းမော်မှာ ကုန်ကားအစီးရေ ၅၀ ဝန်းကျင် စစ်တပ်ကဖမ်းဆီးထား

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနဲ့နောင်ချိန်းရွာနေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တွဲကား၊ ကုန်ကား၊အိမ်စီးကား အစီး ၅၀ ဝန်းကျင်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကားသမားတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီခန့်ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တွေနဲ့စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ဟာ ကုန်ပစ္စည်းတွေတင်လာတဲ့ တွဲကား၊ ကုန်ကား၊အိမ်စီးကားတွေကိုဖမ်းဆိီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ကားတွေအားလုံးကို မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်း ၃၀ ကိုပို့ထားကြတယ်လို့ သိရပါတယ်။ “အဲဒီရဲတပ်ကရင်း ၃၀ ထဲပို့ထားပြီဘယ်လိုပြန်လုပ်မလဲဆိုတာတော့ မသိရသေးဘူး။ပြန်ရွေးခွင့်ရရင်လည်း စျေးတော့များမယ်ထင်တာပဲ တစ်ရက်လေးကိုဖမ်းတာ အစီး ၅၀ ကျော်တယ်”လို့ ရဲအသိုင်းဝိုင်းက အမျိုးသားတစ်ဦးပြောပါတယ်။ ခုလို ကုန်ကားတွေကို မြစ်ကြီးနားမြို့ထဲ ပေးမဝင်ပဲ ဗလမင်းထင်တံတားအနီး မိုင်းနားရွာမှာ အထိုင်ချဖမ်းဆီးနေတာဟာ ဒီကုန်ကားတွေအားလုံး KIO/KIA ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ကံပိုက်တည်နယ်စပ်ဂိတ်နဲ့လိုင်ဇာ နယ်စပ်ဂိတ်ဘက်ကနေဝင်လာတဲ့ ကုန်ကားတွေဖြစ်သလို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရဆီကနေ ကုန်တင်သွင်းခွင့်လိုင်စင်မရှိတဲ့ကားတွေမို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဌာဆိုင်ရာဝန်ထမ်းတစ်ဦးကKNG ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်ကထိန်းချုပ်ထားတဲ့ ကံပိုက်တည်ကုန်သွယ်ရေးစခန်းရှိရာ ကံပိုက်တည်မြို့အပါအဝင် ဆဒုံးမြို့နဲ့ မြစ်ကြီးနားလမ်းပိုင်းရှိ ဝါရှောင်ကျေးရွာတွေကို  KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် မြစ်ကြီးနားမြို့ထဲဝင်မယ့် ကုန်ကားတွေကို ဗလမင်းထင်တံတားမရောက်ခင် မိုင်းနားကျေးရွာအဝင်တွေမှာ အဓိကထားဖမ်းနေတာဖြစ်ပါတယ်။ ၂၀၂၆ မတ်လ ၉ ရက်နေ့မှာလည်း စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ ကံပိုက်တည်မြို့ ကုန်တင်ကုန်ချစခန်းအစား ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ဘုရားတောင်ခြေမှာ ယာယီစခန်းဖွင့်ထားတယ်လို့ထုတ်ပြန်ထားပြီး မြစ်ကြီးနားမြို့ထဲ တစ်ဖက်နိုင်ငံ မှ ဝင်ရောက်နေတဲ့ ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး တရားဝင်ဖြစ်စေရေး၊ ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် တရားဝင်သွင်းကုန်လိုင်စင်ဖြင့်တင်သွင်းခွင့်ပြုခြင်း၊ ကျသင့်အခွန်အခများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗလမင်းထင်တံတားမှာလည်း အရင်ကထက်အစစ်ဆေးများနေပြီး ဘိလပ်မြေ၊ဓါတ်ဆီနဲ့လျှပ်စစ်ပစ္စည်းတွေဆို ကချင်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ခွင့်ပြုမိန့်ရမှသယ်ဆောင်ရမှာဖြစ်သလို ခွင့်ပြုချက်လက်မှတ်မပါပဲတင်ဆောင်လာတဲ့ကားတွေ ဖမ်းဆီးခံရတာ ဟာပုံမှန်ရှိနေတယ်လို့သိရပါတယ်။ “ဗလင်မင်းထင်အရမ်းစစ်တာ တစ်ချို့ကားတွေကျတော့ ကုန်ကားတွေဗလမင်းထင်မှာဖြတ်လို့အဆင်မပြေတော့ အိမ်စီးကားလေးတွေနဲ့ခွဲတင်ကြတာ။အဲလိုမျိုးလည်းဖမ်းတာပဲ မရဘူး”လို့ ကားသမားတစ်ဦးပြောပါတယ်။ ဒါကြောင့်  ဧရာဝတီမြစ်သာခြားထားတဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေဟာ စျေးထက်ဝက်ခန့်ကွာနေတယ်လို့သိရပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း နယ်စပ်ဂိတ်ဖြတ်ကျော်ခွင့်အခွန်ကို KIA ဆီဆောင်ရသလို မြစ်ကြီးနားမြို့ထဲကုန်ကားဝင်ဖို့ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရမှာ အခွန်ဆောင်ရတာကြောင့် အဖက်ဖက်ကနေခက်ခဲနေတယ်လို့သိရပြီး အကျိုးဆက်အနေနဲ့တော့ မြစ်ကြီးနားမြို့နယ်ဘက်ရှိတဲ့ပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ လတ်တလော ဝိုင်းမော်မြို့နယ်ဘက်မှာ နှစ်သောင်းခွဲရှိတဲ့ ဘိလပ်မြေတစ်အိတ်ကို မြစ်ကြီးနားဘက်မှာ ငါးသောင်းခန့်ပေးဝယ်နေရတယ်လို့လည်း ပြည်သူတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း မိုင်းနားကျေးရွာ ကုန်ကားအစီးရေ ၅၀ ထက်မနည်းဖမ်းဆီးခဲ့ပြီးနောက် ဒဏ်ပေးဆောင်ခိုင်းပြီး ပြန်လွတ်ပေးတာတွေလည်းရှိခဲ့ပါတယ်။ By – Zami

    Read More »
  • Jan- 2026 -
    21 January
    သတင်း

    ဂွေထူပါ ပြည်သူ့စစ်ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ဦးမဂျီနော်လီ ဒေသတွင်း ဘာတွေလုပ်နေလဲ။

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဦးမဂျီမနော်လီက အာဏာရယူပြီးနောက် ဒေသအတွင်း မြေယာသိမ်းယူမှုအပြင် လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ဝင်ငွေရှာတဲ့လမ်းကြောင်းကို ပိုပြီးတိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဂွေထူပြည်သူ့စစ်ခေါင်းဆောင်နေရာအတွက် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဦးမဂျီနော်လီ ပြန်လွတ်မြောက်လာတဲ့နောက်ပိုင်းမှာ ဂွေထုပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ဦးမဂျီနော်လီဟာ…

    Read More »
  • 12 January
    စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၄၀ နီးပါးရှိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိလာတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းဟာ ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာကနေ နောင်းချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာတိမ်းရှောင်နေကြတဲ့ နောင်ဟီးစစ်ဘေးရှောင်တွေဖြစ်တယ်လို့ သိရပြီး အသက်အရွယ်က အသက် ၃၀ ကနေ ၅၀ ဝန်းကျင်အရွယ်အများဆုံးဖြစ်တယ်လို့ နောင်ဟီးစစ်ရှောင်တာဝန်ခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဖျားနာကြတဲ့သူတွေက ဖျားနာတာကြာပြီဖြစ်ပေမယ့်လည်း ဆေးရုံက အမြန်မသွားနိုင် ပြန်သွားတဲ့အချိန်ကြတော့ ရောဂါဝေဒနာတွေက ပိုဆိုးသွားတဲ့ဟာမျိုးတွေ ဖြစ်နေတာပေါ့။ ဆေးရုံသွားဖို့အတွက်  သူတို့ကြောက်နေတာပေါ့။ ဆေးရုံတက်လိုက်ရတာနဲ့ ပိုက်ဆံတွေတစ်ခါတည်း‌အရမ်းပေးလိုက်ရမှာဆိုတော့ အဲလိုဖြစ်နေတာပေါ့”ဆိုပါတယ်။ စစ်ရှောင်တွေဟာ ဆေးရုံဆေးခန်းသွားဖို့ ငွေရေးကြေးရေးလိုအပ်ချက်ရှိနေတဲ့အပြင် လမ်းခရီးကလည်း စစ်ရှောင်စခန်းကနေ ၁၇ မိုင်ဝေးပြီး ဆိုင်ကယ်နဲ့ တစ်နာရီခွဲကြာ သွားရတဲ့နေရာဖြစ်တာကြောင့် ခက်ခဲများစွာရှိနေတယ်လို့သိရပါတယ်။ ဒါ့အပြင်…

    Read More »
  • May- 2025 -
    15 May
    သတင်း

    စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ

    ဝိုင်းမော်မြို့ စန်းကားစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အများအပြား ဖောက်ထွင်းခံ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နောင်းချိန်း စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စန်းကားဒေသခံတွေဟာ ကိုယ့်အိမ်အခြေအနေတွေကို သိလိုတဲ့အတွက် ခေတ္တပြန်လာကြည့်ချိန် နေအိမ်တွေ ဖောက်ထွင်းခံထားရပြီး ပစ္စည်းတွေလည်း အခိုးခံရတာ တွေ့ရတယ်လို့ စန်းခါးဒေသခံအမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “ရွာစောင့်ကြတဲ့သူတွေက သူတို့ကို အဲလိုမခိုးကြနဲ့လို့ပြောရင်လည်း…

    Read More »
  • Apr- 2025 -
    11 April
    သတင်း

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…

    Read More »
  • Jan- 2025 -
    14 January
    သတင်း

    ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…

    Read More »
Back to top button