Covid-19 ပညာပေး ပန်းချီဆရာ ၃ ဦး အပြစ်မရှိဟု တရားရုံက အမိန့်ချ

Covid-19 ပညာပေးပန်းချီရေးဆွဲခဲ့သော လူငယ် ၃ဦးကို တရားစွဲဆိုထားသည့်အမှုတွင် ၎င်းတို့၌အပြစ်မရှိကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် စီရင်ချက် ချမှတ်လိုက်သည်ဟု သိရသည်။ လူငယ် ၃ ဦးရေးဆွဲခဲ့သည့် ပန်ချီကားနဲ့ပတ်သက်ပြီး တရားလိုက ထင်မြင်ယူဆချက်ဖြင့်သာ တရားစွဲဆိုခဲ့သောကြောင့် တရားသူကြီးက အပြစ်မရှိကြောင်း အပြီးသတ်စီရင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သော တရားလွှတ်တော်ရှေ့နယ် ဒေါ်ဒွဲဘူက ယခုလို ပြောသည်။ “တရားသူကြီးရဲ့ သုံးသပ်ချက်ပေါ့နော်။ အခုက တရားလိုဘက် ထွက်ဆိုချက်တွေ။…