#ပြည်သူ့စစ်

  • Aug- 2024 -
    8 August
    သတင်း

    ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ

    ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ “ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြောတယ်။လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ချီဖွေကနေ ၄ မိုင်အကွာ ဖီမှော်နဲ့ ပန်ဝါသွားလမ်းဆုံဂိတ်မှာလည်း လူငယ် ၄ ဦးထပ်မံဖမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်လိုက်လံစုဆောင်းရာ လူငယ် ၂၀ ဦးထက်ဖမ်းခံသွားရတယ်လို့ ဆက်လက်သိရပါတယ်။ အဖက်ဖက်ကနေ စစ်အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချိီဖွေဒေသကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူငယ်တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်နေတာလို့ သိရပြီး ကချင်လူငယ်တွေကိုသာ အဓိကဖမ်းခေါ်တပ်သားစုဆောင်းနေတာလို့ ဒေသခံတွေဘက်ကပြောပါတယ်။ ဖမ်းဆီးစုထားတဲ့လူငယ်တွေကို မြစ်ကြီးနားဘက်ကို လိုင်းကားနဲ့ ဆက်တိုက်ပို့ဆောင်နေတယ်လို့ ချီဖွေဒေသခံကဆက်ပြောပါတယ်။  “စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက် နဲ့ ရှေ့တန်းပို့ဖို့အတွက်ပဲလို့မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက်ခြား ၂ ခြား နဲ့ တစ်စုစီပို့နေတယ်။ ဆိုတော့ စစ်ကောင်စီကို အင်အားဖြည့်ပေးနေတာကိုတွေ့ရတယ်။”လို့ ဆိုပါတယ်။  လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ မြို့နယ်အားလုံးနီးပါးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ မြစ်ကြီးနားမြို့ထဲက ရပ်ကွက်တချို့မှာတော့ MPT ဖုန်းလိုင်းရရှိတာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်ထားပေမဲ့ ပူတာအိုနောင်မွန်မြို့နယ်မှာလည်း ဆက်သွယ်ရေးလိုင်း ရရှိသလို ချီဖွေမြို့နယ်မှာလည်း အက်တမ်(တယ်လီနော)ဖုန်းလိုင်းနဲ့  WIFI အင်တာနက်လိုင်းတစ်ချို့ ရနေတာဖြစ်ပါတယ်။  “ချီဖွေမှာက စစ်တပ်ထောက်တိုင်တွေများတယ်။ စီးပွားရေးလုပ်တဲ့သူတွေလည်း စစ်တပ်ခရိုနီတွေများတယ်။ ဒီဘက်က စီးပွားရေးလုပ်တဲ့သူအားလုံး စစ်တပ်နဲ့ပူးပေါင်းပြီးလုပ်ရတဲ့သူတွေချည်းဆိုတော့ သူတို့ ပြည်သူ့စစ်နဲ့ပူးပေါင်းတပ်ဖွဲ့ရှိတဲ့ဒေသကို ဖုန်းလိုင်းပေးထားတာလို့မှတ်ယူတယ်။ WIFI လိုင်း အင်တာနက်လည်းကောင်းကောင်းရတယ်။” ဒါ့အပြင် ဒီရက်ပိုင်း ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ည ၁၀ နာရီနောက်ပိုင်း မြို့ထဲကို စစ်ကားတွေနဲ့ လှည့်ပြီး စျေးဝယ်တာတွေလုပ်နေတယ်လို့ ဆက်သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jun- 2024 -
    24 June
    သတင်း

    အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်

    မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်တော်ကြီးနဲ့ ဖားကန့်မြို့နယ်စပ်ကြားမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ စုပေါင်းနေထိုင်ထားတဲ့ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စစ်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “တပ်စခန်း ၃ ကိုတော့သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက်ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေလုပ်နေတယ်။ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတစ်ဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ချောင်းဝစစ်တပ်စခန်းကိုတော့  ဇွန်လ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ အဲဒီတပ်စခန်းတွေဟာ အင်းတော်ကြီးဒေသ အနီးတဝိုက်နဲ့ ဖားကန့်ဘက်ကိုသွားတဲ့ လမ်းကြော လုံခြုံရေးရယူထားတဲ့ ရှေ့တန်းတပ်စခန်းတွေဖြစ်ပြီး ညောင်ပင်တပ်စခန်းမှာက စစ်အင်အား ၅၀ ဝန်းကျင်လောက်ရှိပြီးတော့ ချောင်းဝနဲ့ ဝှေလုံ တပ်စခန်း ၂ ခုမှာက အင်အား ၃၀ ဝန်းကျင်စီရှိကြတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့အနီးတဝိုက်က ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ အင်းတော်ကြီးဒေသ ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာဟာ ဖားကန့်ဒေသ ဝှေခါလမ်းအဝင်အထွက်ကို KIA တပ်တွေ ထိန်းချုပ်လိုက်ဖို့အတွက်ဖြစ်တယ်လို့ ဖားကန့်ဒေသတစ်ဦးလည်း သုံးသပ်ပြောဆိုထားပါတယ်။ “အခုဖြစ်တဲ့နေရာတွေက ဖားကန့်ကို ဆက်သွယ်ထားတဲ့ ဝှေခါလမ်းပေါ်မှာဖြစ်တယ်။ မိုးညှင်း၊ ဟိုပင်တွေကနေ ဖားကန့်ကို သွားတဲ့ အဝင်အထွက်လမ်းပေါ့။ ပြီးခဲ့တဲ့လတွေမှာလည်း ဖားကန့် ဝှေခါ – တာမခံလမ်းတွေလည်း KIA က ထိန်းချုပ်လိုက်ပြီးဆိုတော့ ဒီလမ်းတွေကို ပြန်ထိန်းချုပ်ဖို့လို့ပဲထင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်တဲ့ အင်းတော်ကြီးဒေသတဝိုက် လုံးတုံ၊ နန့်မွန် စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်သေးတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဖားကန့်ဒေသကို သွားတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ မြစ်ကြီးနား – ကားမိုင်းလမ်း၊ စစ်ကိုင်းအစပ် ဝှေခါ – တာမခံလမ်းကြောင်းတွေကို KIA တပ်တွေက ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ ထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ မိုးညှင်းမြို့နယ်ထဲက ဝင်တဲ့ လမ်းကြောင်းကိုထိန်းချုပ်ဖို့ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 11 June
    တိုက်ပွဲ

    ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်နဲ့ လဖိုင်ပြည်သူ့စစ်တပ်စခန်းတွေကို ဒီကနေ့ နေ့လည် ၁၂ နာရီမတိုင်မှီ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆဒုံးဗျူဟာကုန်းကိုတော့ ညနေပိုင်း ၅ နာရီလောက်မှာ တပ်စခန်းထဲဝင်ရောက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆဒုံးတပ်စခန်းကို ညနေပိုင်း ၅ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်ပြီ။ ဝိုင်းမော်ကနေ ဆဒုံးကားလမ်း တစ်ကြောစစ်တပ်စခန်းတွေမရှိတော့ ကုန်ပြီ။ အခုကျန်နေတာက ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်နေပြီဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာကုန်းတပ်စခန်းဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာတည်ရှိပြီး ရ ရှေ့တန်းတပ်စခန်းအငယ် ၃ ခုလောက်နဲ့ စစ်အင်အား အခိုင်အမာတပ်ချထားတဲ့ ဗျူဟာကုန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဆဒုံးဗျူဟာကုန်းအပါ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်) နဲ့ ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းတွေဟာ ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ကားလမ်းကြောင်းတစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေအားလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းထိုင်ထားကြတဲ့ တပ်စခန်းတွေဖြစ်သလို ခရီးသွားပြည်သူတွေနဲ့ ကုန်းကားတွေကို ငွေကြေးကောက်ခံတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း တရားမဝင် ပြည်တွင်းထဲ ဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အလွန်အရေးပါတဲ့နေရာတွေဖြစ်ပြီး ပြည်သူလူထုတွေအတွက် သွားရေးလာရေးမှာ အနှောက်အယှက်ပေးတဲ့ နေရာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက အားလုံးအရေးကြီးတဲ့ နေရာတွေပဲဖြစ်တယ်။ ချီဖွေနဲ့ ကန်ပိုင်တည်ဘက်ကို သွားတဲ့ စုပေါင်းဂိတ်ရှိမယ်။ ဘွမ့်တောင်ဆိုတဲ့ စခန်းကလည်း ဒီတိုင်းပါပဲ။ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အနှောက်အယှက်ပေးနေတဲ့ စခန်း။ ပြီးရင် တပ်ရင်း(၃) နေရာတွေကို ထိန်းချုပ်ပေးနေတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်။ အားလုံးက ဗျူဟာမြောက်တပ်စခန်းတွေပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အခု KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေက တရုတ်နယ်စပ် ဆဒုံး – ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ကားလမ်းကြောင်း တစ်ကြောကို KIA က ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက KIA ပူးပေါင်းတပ်တွေက ဝိုင်မော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလထဲမှာတော့ ဝိုင်းမော်မြို့ ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၃ ခုလောက်ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ ကားလမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို တစ်ရက်ထဲမှာပဲ အပြီးသတ်သိမ်းလိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • May- 2024 -
    6 May
    တိုက်ပွဲ

    ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က  မကြာမခဏလာရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ညတိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းဘက်က လက်နက်ကြီးတွေရမ်းတမ်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရွာသားတွေ တိမ်းရှောင်ပြီလို့ ဝူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကျနော်တို့ ဝူယန်ကျေးရွာတွေက အားလုံးရှောင်ပြီ။ ရွာမှာ ပြည်သူ့စစ်စခန်းရှိတော့ ခဏခဏ တိုက်ပွဲဖြစ်လို့ ရှောင်ပြီ။ မဒိန်ရွာတွေလည်း ရှောင်တော့ရှောင်ပေမဲ့ ရှောင်လိုက်၊ နေလိုက် ရှိနေပုံပဲ။ သွားလာရင် မဒိန်၊ ခကွမ်ရွာတွေ အိမ်တွေမှာရှိနေကြတာ တွေ့ရသေးတယ်။ ကျနော်တို့တော့ ပြည်သူ့စစ်နဲ့ကပ်ရပ်ဆိုတော့ နေလို့အဆင်မပြေတော့ဘူး။ ၅၈ တပ်ရင်းက လက်နက်ကြီးပစ်တာလည်း ရွာသားတွေကို လာထိတယ်။ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာလည်း ထိတယ်။”  လတ်တလော ဝူယန်ကျေးရွာအပြင်အနီးအနားက မုတ်ကျိတ်၊လမြန်၊ကျေးရွာ ၃ ရွာက ဒေသခံတချို့ နောင်းချိန်း ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေပြီး ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ စစ်ရှောင်စခန်းမှာလည်း အိမ်ခြေ ၁၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။  ပြည်သူ့စစ်တပ်စခန်းတည်ရှိရာ ဝူယန်ကျေးရွာက ဒေသခံတွေလည်း အားလုံးတိမ်းရှောင်နေကြပြီဖြစ်ပြီး  နေအိမ်မှာကျန်ခဲ့တဲ့ ကြက်၊ ဝက် တိရိစ္ဆာတွေကိုအစာပြန်ကျွေးလိုက်ဖို့ နေ့ချင်းပြန်လာရောက်တာတွေတော့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေက  ကားလမ်းမတစ်လျှောက်မှာ နေရာယူထားပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်က ပြောပါတယ်။ “ဝူယန်၊ လမြန်ရွာကသူတွေက တစ်ခါတရံ မြောက်ပိုင်းတိုင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေလည်း ရွာမှာလာကျတယ်။ တချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိလာတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်လို့ ရှောင်ကြတာ ဟုတ်တယ်။ အခု ကားလမ်းမတစ်လျှောက် စစ်တပ်နဲ့ပြည်သူ့စစ်တွေနေရာယူထားတယ်။ ဂိတ်အသေးလေးတွေချပြီး နေနေတယ်။ သွားသွားလာလာတော့ ရပေမဲ့ လက်နက်ကြီးတွေလာကျတာရှိတော့ ထွက်ပြေးကြတာဖြစ်တယ်။” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။ လက်ရှိမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကလည်း ဝူယန်၊ မုတ်ကျိတ်ကျေးရွာအထိ ထိုးစစ်ဆင်လှုပ်ရှားနေပြီး ပြည်သူ့စစ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စစ်ရေးတင်းမာနေတာ ၂ လကျော်လာပြီဖြစ်ပြီး ဝူယန်ပြည်သူ့စစ်စခန်း မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ လနီးပါးမှာ စစ်တပ်ရဲ့စခန်းကြီးငယ်ပေါင်း ၈၀ ထက်မနည်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Apr- 2024 -
    7 April
    သတင်း

    ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရချိန် တစ်ဆက်တည်း ဝူယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးငွါးဟူဆာအိမ်…

    Read More »
  • 6 April
    သတင်း

    ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့…

    Read More »
  • Mar- 2024 -
    7 March
    သတင်း

    ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး

    ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခံလိုက်တဲ့အတွက် ဦးရွှေမင်းပွဲချင်းပြီး သေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဦးရွှေမင်းဟာ ရွှေညောင်ပင်ကျေးရွာ ခမရ ၃၂၁ စခန်းမှာ နေထိုင်တာဖြစ်ပြီး မတ်လ ၇…

    Read More »
  • Jan- 2024 -
    29 January
    သတင်း

    ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် နေအိမ်ပစ်ခတ်ခံရ 

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ စစ်ကောင်စီလက်အောက် လော်ဝေါ်အမည်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ရဲ့ (Latsa Hkawng Dau)နေအိမ်ပစ်ခတ်ခံရပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြေ(၁) ကျေးရွာ ရပ်ကွက်(၅)ထဲမှာ ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ဦးလစားခေါင်ဒေါင်ရဲ့နေအိမ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့တွေက ဇန်နဝါရီလ ၂၈ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တိုက်ခိုက်ခံရမှုကြောင့် ဦးလစားခေါင်ဒေါင်အပါ သူ့ရဲ့ သားဖြစ်သူနဲ့ လက်အောက်ခံတပ်သား စုစုပေါင်း ၅ ယောက် ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အောင်မြေ(၁)ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ည ၁၁ နာရီဝန်းကျင်လောက်မှာဖြစ်သွားတာဟုတ်တယ်။ အဲဒီဖြစ်ပွားတဲ့ည မှာပဲ ရွာလူကြီးတွေနဲ့အတူ သွားကြည့်ကြတော့ အိမ်ရဲ့သွပ်ခေါင်မိုးတွေ ပေါက်ပြဲသွားတယ်။ နောက်အိမ်ခြံဝင်းရဲ့ တပ်ခြံတွေလည်း ပျက်စီးသွားတယ်။ ကျောင်းနဲ့ နီးတော့ ကျောင်းနံရံလည်ထိထားတာတွေ့ရတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့အနီးတဝိုက်မှာလည်း ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေရဲ့ သွေးစွန်းထားတာတွေလည်းတွေ့ရတယ်”လို့ ပြောပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ကတော့ သူ့ရဲ့ ခြေတစ်ဖက်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးတော့ သားဖြစ်သူကဖုန်းသုံးနေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မျက်နှာနဲ့ တစ်ချို့နေရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။ လက်ရှိ ဦးလစားခေါင်းဒေါင်အပါ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ၅ ယောက်လောက်ကို စစ်တပ်နေရာမှာဆေးကုသခံယူနေတယ်လို့ သိရပြီး ပစ်ခတ်ခံရတဲ့ နေအိမ်ကိုလည်း စစ်တပ်နဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က သွားရောက်ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့သိလည်းသိရပါတယ်။ KIA ဘက်က နေအိမ်ကို သွားရောက်ပစ်ခတ်ချိန်မှာ ဦးလစားခေါင်ဒေါင်ရဲ့ အိမ်ဝင်းထဲမှာ လူ အယောက် ၂၀ လောက်က စုပုံနေပြီးပါတီပွဲလုပ်နေတဲ့အချိန်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် ပစ်ခတ်ခံရတာဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကနေ ဝိုင်းမော်ဒေသထဲမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဒေသအတွင်းအမှာ မတည်အငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာကြောင့် KIA ကနေ သွားရောက်သတိပေးခဲ့တာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ဘာလို့တိုက်ခိုက်ခံရတာလည်းဆိုတော့ ဒေသခံတွေကို ရွှေမင်းပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး ဖမ်းဆီးတာတွေ လုပ်တယ်။ ပြီးရင်ပိုက်ဆံကောက်၊ ခြယ်လှယ်နေတာအရမ်းကြာပြီ။ ပြီးရင် KIA ဘက်ကလည်း တာကို စောင့်ကြည့်နေတာ လို့ထင်တာ။ တာကြောင့် သတိပေးတဲ့ ပုံစံနဲ့ သွားပစ်လိုက်တာလို့ပဲကြားပါတယ်”လို့ပြောပါတယ်။ ဦးလစားခေါင်ဒေါင်ဟာ ဝိုင်းမော်မြို့နယ်ထဲမှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ ယူဆရတဲ့ ပြည်သူတွေကို နေအိမ်ထဲဝင်ရောက်ဖမ်းဆီးတာတွေ ပုံမှန်လုပ်ဆောင် နေပြီး မိသားစုဝင်တွေကို ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ အောင်မြေ(၁)ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဦးလစားခေါင်ဒေါင်က ဝိုင်းမော်ဒေသမှာ လော်ဝေါ်လူမျိုးရဲ့ အမည်နာမကို အသုံးပြုပြီးတော့ လော်ဝေါ်ပြည်သူ့စစ်ခေါင်းစဉ်အောက်မှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ရန်အတွက် ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး အင်အား နည်းနေသေးတာကြောင့် ဦးရွှေမင်းရဲ့ အကာအကွယ်အောက်မှာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အောင်မြေ(၁) ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဦးလစားခေါင်ဒေါင်ဟာ ဝိုင်းမော်ဒေသမှာ ဦးရွှေမင်းပြည်သူ့စစ်အဖြစ် ရပ်တည်နိုင်ဖို့ရန်အတွက် ဦးရွှေမင်းရဲ့အောက်မှာထောက်ပံ့ပေးနေတဲ့ ၁၀ ယောက်ကျော်ရှိတဲ့ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဦးလစားခေါင်ဒေါင်အပါအဝင် လော်ဝေါ်လူမျိုးထဲကခေါင်းဆောင်တစ်ချို့ဟာ လော်ဝေါ်အမည်ခံပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့နှစ်မှာ နိုဝင်ဘာလမှာလော်ဝေါ်စာပေယဉ်ကျေးမှုဗဟိုကော်မတီကနေ နိိုင်ငံရေး၊လူမူရေးနဲ့တစ်ခြားအသင်းအဖွဲ့များဖွဲ့စည်းတည်ထောင်ရာမှာ လော်ဝေါ်မျိုးနွယ်စုအမည်နာမကို သုံးစွဲဖို့ခွင့်မပြုဘူးလို့ တရားဝင်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Dec- 2023 -
    22 December
    သတင်း

    တာလောကြီးနယ်က ပြည်သူ့စစ်တွေအားလုံး KIA ထံ လက်နက်ချအညံ့ခံဖို့ သတိပေး

    မြစ်ကြီးနားမြို့နယ် တာလောကြီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်လာအပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ တာလောကြီးပြည်သူ့စစ်စခန်းကို KIA နဲ့ PDF…

    Read More »
  • 18 December
    သတင်း

    တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ တာလောကြီးရွာထိပ်မှာ အထိုင်ချနေတဲ့ ရှမ်းနီ ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရေကြည်ဒေသခံ…

    Read More »
Back to top button