ဖမ်းခံရ

  • Jul- 2023 -
    20 July
    သတင်းphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ

    မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ယနေ့ ပြန်လည်လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေကနေ သိရပါတယ်။ အဲဒီဂျာပူရွာဒေသခံ ၃ဦးကို စစ်ကောင်စီတပ် မနေ့ကဖမ်းဆီးခံသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာစစ်ရှောင်တာဝန်ခံတွေအပါအဝင်ဘာသာရေး အဖွဲ့အစည်းတွေကနေ ဖမ်းဆီးခံသွားရသူ ၃ ဦးဟာ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဂျာပူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “စစ်ရှောင်တာဝန်ခံနဲ့လူကြီးတွေက သွားပြောတာ စစ်ရှောင်တွေဖြစ်တယ် ပြန်လွှတ်ပေးဖို့ ပြောလို့ ဒီနေ့ပြန်လွှတ်ပေးလာပြီ” လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေက ဝိုင်းမော် မိုင်းနား KBC စစ်ရှောင်စခန်းနဲ့ RC စစ်ရှောင်စခန်းက ဦးမရူလှဒွဲနဲ့ အမည်မသိ နောက်ထပ်စစ်ရှောင် ၂ ဦးဖြစ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှာ စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် ဂျာပူရွာကနေ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်သွားသူတွေဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်နေရာကနေ ဇူလိုင်လ ၁၉ ရက်နေ့ ရွာကို ခေတ္တခနပြန်လာချိန် စစ်တပ်က ဖမ်းဆီးသွားတာပါဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၈နေ့မှာလည်း ဒဘတ်ကျေးရွာက အရပ်သားပြည်သူ ၅ ဦးကိုဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ နမ်ဆန်ယာန်အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဒီည ၇ နာရီဝန်းကျင်မှာလည်း လိုင်ဇာဘက်ကို လက်နက်ကြီး ၂ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ နမ်ဆန်ယာန်မှာ စစ်တပ်ကခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေပြီး ဒီကနေ့ညမှာလည်း အလော့ဘွမ်ဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ နမ်ဆန်ယာန်မှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာရာကနေ လက်ရှိထိ နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

    Read More »
  • 10 July
    သတင်းphoto- စစ်တပ်က ဖမ်းဆီးသွားတဲ့ ကားသမားဦးဇော်အောင်

    စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

    ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး…

    Read More »
Back to top button