ဖရဲ

  • Jun- 2023 -
    20 June
    သတင်း

    မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား

    ချီဖွေမြို့နယ် ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည် ဟုသိရသည်။ ဇွန် ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင်ရှိသော ဖရဲကျေးရွာအနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ်လူငယ်ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အလောင်းမတွေ့သေးတာလဲရှိတယ် ကြားတာပဲ ဒါပေမဲ့အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲသိရတယ်” ဟု ဖရဲဒေသခံတစ်ဦးက စာဖြင့်ပြောပြသည်။ မြေပြိုကျမှုထဲတွင်ပါသွားသည့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းသာ…

    Read More »
Back to top button