သတင်း

မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား

ချီဖွေမြို့နယ် ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ်  ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည် ဟုသိရသည်။

ဇွန် ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင်ရှိသော ဖရဲကျေးရွာအနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ်လူငယ်ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အလောင်းမတွေ့သေးတာလဲရှိတယ် ကြားတာပဲ ဒါပေမဲ့အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲသိရတယ် ဟု ဖရဲဒေသခံတစ်ဦးက စာဖြင့်ပြောပြသည်။

မြေပြိုကျမှုထဲတွင်ပါသွားသည့် သေဆုံးသူ လူငယ်  ဦး၏ ရုပ်အလောင်းသာ တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသော်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယခု မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် တည်နေရာသည် ဖရဲနှင့် ဇွပ်လန့်(Zuplang) ကျေးရွာ ၂ခုကြားတွင်ရှိသော မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက်တစ်နေရာတွင် ဖြစ်သည်။

KIA စိုးမိုးထားသည့် ဖရဲကျေးရွာအနီးတဝိုက် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်နေရာများတွင် ယခုနည်းတူ လုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် အသက်သေဆုံးသူများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်းဖရဲနှင့်ပန်ဝါ ဒေသတွင်ရှိသော ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။

ရှေ့တစ်ခေါက်ကလည်း တစ်ခါမြေပြိုပြီး လူတစ်ယောက်လားမသိဘူးသေပြီ။ ဒီဘက်က အဲ့လိုမျိုးဖြစ်စဉ်တွေ မကြာခဏ ဖြစ်တယ်။ ဆက်သွယ်ရခက်တော့ ကြားပေမဲ့ အတိအကျသာ မသိနိုင်တာ အမြဲဖြစ်နေကျ။ ပြီးရင် ဒီဘက်က ဒေသခံအများပိုင်းလည်း တစ်ခုခုဖြစ်ပြီဆို မပြောရဲတဲ့သူများတယ်ဟုပြောသည်။

ချီဖွေမြို့၏ အရှေ့ဘက်ခြမ်း ဖရဲဒေသတွင် KIA တပ်ဖွဲ့က နယ်မြေစိုးမိုးထားကာ မြေရှားသတ္တုတူးဖော်လျက်ရှိနေပြီး အရှေ့တောင်ပိုင်း ပန်ဝါဒေသတွင်လည်း နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်များက မြေရှားသတ္တုတူးဖော်လျက်ရှိနေသည်။

Show More

Related Articles

Back to top button