စုပေါင်းဂိတ်ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနား စစ်ရှောင်စခန်း ၂ ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စစ်ဆေး

မြစ်ကြီးနားမြို့  စစ်ရှောင်စခန်း ၂ ခုတွင် အာဏာသိမ်းစစ်တပ်က ကျန်းမာရေးအကြောင်းပြပြီး စစ်အင်အားအမြောက်အများဖြင့် လာရောက်ဝိုင်းရံ ပိတ်စို့ကာ လူဦးရေနှင့် အမည်စာရင်း စစ်ဆေးသွားကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဗက်လင်စစ်ရှောင်စခန်းနှင့် ဇီးလွန်စစ်ရှောင်စခန်းနှစ်ခုကို ဇွန်လ ၂၄ ရက်ညနေ ၅ နာရီခွဲခန့်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စခန်းရှိပြည်သူများထံမှ သိရသည်။ “သူတို့အင်အားနှင့် ရောက်လာပြီး သော့ခတ်ပိတ်ထားတဲ့ ကျမတို့ စစ်ရှောင်းစခန်းတံခါးကြီးကို ဖွင့်ခိုင်းပြီးတော့ စစ်ရှောင်စခန်း ဘေးပတ်ပတ်လည်လည်…