ဗန်းမော်

  • Apr- 2025 -
    25 April
    သတင်း

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်

    တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊…

    Read More »
  • Mar- 2025 -
    11 March
    သတင်း

    ဗန်းမော်မှာ စစ်တပ်ဒရုန်း ၇ လုံး KIA ပစ်ချနိုင်ခဲ့ပြီး စကခ ၂၁ မှာ တိုက်ပွဲဆက်ဖြစ်နေ

    နှစ်လအကြာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်ကနေ အပြင်အထန်ခုခံတိုက်ခိုက်နေတဲ့ ဒရုန်း ၇ စီး ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချပေးလိုက်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ဗန်းမော် စကခ (၂၁) တပ်ရင်းမှာ မတ်လ ၈ ရက်နေ့စပြီး စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ၁၀ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းလက်နက်ကြီးတွေကို ပစ်ချပေးနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ “ဟုတ်ပါတယ်။ ၆ လုံးနဲ့ ၇ လုံးကြားမှာ ပစ်ချနိုင်ခဲ့တယ်။ ကျနော်တို့ တွေ့တာကတော့ ၆ လုံးရှိတယ်”လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ဒရုန်းလက်နက်ကြီး ၇ စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အတွက် စကခ (၂၁) တပ်ရင်းပတ်ပတ်လည်မှာ ဒီကနေ့ ၁၁ ရက်နေ့ အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ သံချပ်ကာတပ်၊ အမြောက်တပ် ၃၆၆ ၊ လေယာဉ်ကွင်းနေရာတွေကို ဇန်နဝါရီလကုန်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထားပြီးတော့ လက်ရှိမှာ စကခ (၂၁) နေရာကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် KIA ဘက်ကနေ ဗန်းမော်တက္ကသိုလ်ဝင်းနေရာနဲ့ ခလရ ၄၇ တပ်ရင်းနေရာရှိတဲ့ လမ်းကြောင်းတွေလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ဗန်းမော်တိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “ဒရုန်း ၇ လုံးပစ်ချနိုင်တာနဲ့ သတင်းကအသေးစိတ်မသိရသေးပါဘူး။ စကခ ၂၁ နေရာမှာ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတာက ၃ ရက်လောက်ရှိလာပြီ။ ခါတိုင်းထက်ပိုပြင်းထန် တယ်လို့တော့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကနေ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာ လေကြောင်းနဲ့ မရေတွက်နိုင်လောက်အောင် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းပစ်ချနိုင်တာနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ Telegram Channal တွေမှာကတော့ ‘ရန်သူဘက်က မိမိတို့ရဲ့ ဒရုန်း ၉ ခုကို ပစ်ချပေးလိုက်တယ်။ ဒရုန်းတွေ အလုပ်မဖြစ်တော့ဘူး’လို့ ရေးသားဖော်ပြထားတာကိုလည်း မြင်တွေ့ရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Feb- 2025 -
    19 February
    သတင်း

    ဗန်းမော် အမတ ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုကို KIA သိမ်းပိုက်ပြီး စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်း နှစ်ခုကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် စကခ ၂၁ မှာ နှစ်ဖက်တပ်က တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သိမ်းပိုက်ရရှိပြီလို့ ပြောနေတဲ့ အမတ…

    Read More »
  • 18 February
    သတင်း

    ရွှေကူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထား

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး မြို့ဝင်မြို့ထွက်နေရာတွေကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထွက်ရှိ ရွှေကူ–ဗန်းမော်ကားလမ်းပိုင်းက အထက်လေးလမ်းဆုံဂိတ်နဲ့ ရွှေကူမြို့အဝင်ရှိ ရွှေကူ–မန္တလေး ကားလမ်းက အောက်လေးလမ်းဆုံဂိတ်တွေမှာ အင်းအားသုံးဂိတ်ထိုင်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို…

    Read More »
  • 11 February
    သတင်း

    ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့ကို KIA က ဖမ်းဆီးရမိပြီး တပ်နဲ့ စခန်းတွေကိုလည်း သိမ်းပိုက်ရရှိ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။ ဇန်နဝါရီလဆန်းကတည်းက…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ

    ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာတပ် နဲ့ အမြောက်တပ် နှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း Laisin နေရာတွေကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လိုင်ဇာ…

    Read More »
  • 27 January
    သတင်း

    ဗန်းမော် လေယာဉ်ကွင်း KIA ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့် တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဗန်းမော်လေယာဉ်ကွင်း တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “လေယာဉ်ကွင်း အားလုံးက ရှင်းလင်းသိမ်းပိုက်လိုက်ပြီ ဘာမရှိတော့ဘူး။ အခုက လေယာဉ်ကွင်းကို ကျော်ပြီး စကခ…

    Read More »
  • 21 January
    သတင်း

    ဗန်းမော် ခလရ ၄၇ နဲ့ စကခ(၂၁) နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေဆဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လိို့သိရပါတယ်။ KIA ဘက်ကနေ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့…

    Read More »
  • 15 January
    သတင်း

    ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်

    ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ  စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…

    Read More »
  • 9 January
    သတင်း

    ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ

    ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်း နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊…

    Read More »
Back to top button