တိုက်ပွဲသတင်း

ဗန်းမော်မှာ စစ်တပ်ဒရုန်း ၇ လုံး KIA ပစ်ချနိုင်ခဲ့ပြီး စကခ ၂၁ မှာ တိုက်ပွဲဆက်ဖြစ်နေ

နှစ်လအကြာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်ကနေ အပြင်အထန်ခုခံတိုက်ခိုက်နေတဲ့ ဒရုန်း ၇ စီး ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချပေးလိုက်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ဗန်းမော် စကခ (၂၁တပ်ရင်းမှာ မတ်လ  ရက်နေ့စပြီး စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ၁၀ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းလက်နက်ကြီးတွေကို ပစ်ချပေးနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ဟုတ်ပါတယ်။  လုံးနဲ့  လုံးကြားမှာ ပစ်ချနိုင်ခဲ့တယ်။ ကျနော်တို့ တွေ့တာကတော့  လုံးရှိတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ဒရုန်းလက်နက်ကြီး  စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အတွက် စကခ (၂၁တပ်ရင်းပတ်ပတ်လည်မှာ ဒီကနေ့ ၁၁ ရက်နေ့ အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ သံချပ်ကာတပ်၊ အမြောက်တပ် ၃၆၆  လေယာဉ်ကွင်းနေရာတွေကို ဇန်နဝါရီလကုန်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထားပြီးတော့ လက်ရှိမှာ စကခ (၂၁နေရာကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် KIA ဘက်ကနေ ဗန်းမော်တက္ကသိုလ်ဝင်းနေရာနဲ့ ခလရ ၄၇ တပ်ရင်းနေရာရှိတဲ့ လမ်းကြောင်းတွေလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။

လက်ရှိ ဗန်းမော်တိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

ဒရုန်း  လုံးပစ်ချနိုင်တာနဲ့ သတင်းကအသေးစိတ်မသိရသေးပါဘူး။ စကခ ၂၁ နေရာမှာ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတာက  ရက်လောက်ရှိလာပြီ။ ခါတိုင်းထက်ပိုပြင်းထန် တယ်လို့တော့ပြောလို့ရပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာ လေကြောင်းနဲ့ မရေတွက်နိုင်လောက်အောင် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းပစ်ချနိုင်တာနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ Telegram Channal တွေမှာကတော့ ‘ရန်သူဘက်က မိမိတို့ရဲ့ ဒရုန်း  ခုကို ပစ်ချပေးလိုက်တယ်။ ဒရုန်းတွေ အလုပ်မဖြစ်တော့ဘူးလို့ ရေးသားဖော်ပြထားတာကိုလည်း မြင်တွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button