,
ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာရှိ စစ်ရှောင်စခန်းနှင့် လူနေအိမ်အချို့ကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲ အချိန်ခန့်တွင် မှော်စီဆာကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းနှင့် ပြည်သူများ၏ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်သွားပြီး အရပ်သား နှစ်ဦးကို ဖမ်းခေါ်သွားသည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ ''မှော်စီဆာ ဘုန်းတော်ကြီးကျောင်းမှာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စုရှိ နန့်စလျော် ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးများက ဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သား ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ နန့်စလျော်ကျေးရွာ တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းကို ဧပြီ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန့်ခန့်တွင် ပျူစောထီး အဖွဲ့တစ်ဖွဲ့က ယတြာယာခြယ်ရန်အတွက် ဟုဆိုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နန်းမားကျေးရွာနေ အမျိုးသားတစ်ဦးက KNG
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် လျှာထားသောမြေနေရာတွင် ဗုဒ္စဘာသာဘုန်းကြီးကျောင်း ဆောက်လုပ်နေသည့်အတွက် စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ယာယီရပ်နားထားရန် တားမြစ်ထားသော်လည်း ယနေ့ချိန်ထိ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ငွေပျော်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပြောသည်။ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း နားခိုင်းထားတယ်။ သူတို့မနားဘူး ဆက်လုပ်နေတယ်။ ပြီးတော့ ကျနော်သိရသလောက်ဆို ကျနော်ဝန်ကြီးချုပ်ဆီမှာ ကျနော်သွားတွေ့တုန်းကလည်း ဝန်ကြီးချုပ်လည်း နားခိုင်းရပ်ခိုင်းထားဖို့ ညွှန်ကြားချက်ပေးလိုက်ပြီ။ အဲဒါလည်း ဆက်လုပ်နေတုန်းဘဲ ခုကရေတွင်းတူးလိုက် တစ်ခြားနေ့တွေမှာ မလုပ်ဘူး။ တနင်္ဂနွေနေ့မှာမှ ၄ယောက် ၅ယောက်လောက်လာလိုက် ရေတွင်းတူးလိုက်