,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Hpakant Photo

ဖားကန့် မြို့တွင်း မြင်တွေ့ရပုံ

ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာရှိ စစ်ရှောင်စခန်းနှင့် လူနေအိမ်အချို့ကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲ အချိန်ခန့်တွင် မှော်စီဆာကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းနှင့် ပြည်သူများ၏ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်သွားပြီး အရပ်သား နှစ်ဦးကို ဖမ်းခေါ်သွားသည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မှော်စီဆာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်တွေ နေ နေတာရှိတယ်ဗျ။ အဲ့ဒီမှာ ဒီနေ့ စစ်ကောင်စီ စစ်သားတွေဝင်ပြီးတော့ စစ်ရှောင်တွေကို ဒူးထောက် ခိုင်းတာတွေရှိတယ်ဗျ သူတို့ရှာချင်တဲ့လူတွေရှာမယ်ဆိုပြီး လုပ်သွားတယ်တဲ့။ ပြီးတော့ လူနေအိမ်အချို့မှာလည်း ဝင်ရောက်စီးနင်းသွားတယ် ၂ယောက်ဖမ်းခေါ်သွားတယ်။ သူတို့သံသယရှိလို့ဆိုပြီးဖမ်းခေါ်သွားတာဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ မှော်စီဆာမှဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးခံရသည်ကို အသေးစိတ်မသိရှိရသေးပေ။

မှော်စီဆာ ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးသည် သြဂုတ်လ ၉ ရက်နေ့ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် ထွက်ပြေးလာသူများဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်သည် နိုဝင်ဘာလ မှစတင်ပြီး အရပ်သားပြည်သူများကို လူသားဒိုင်းပြုလုပ်ရန် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများနှင့် ယခုကဲ့သို့ PDF ဟုစွပ်စွဲကာအကြောင်းမဲ့ ဖမ်းဆီး မှုများလည်း ပြုလုပ်နေသည်။

Read Previous

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

Read Next

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ