မန္တလေး
-
Oct- 2025 -6 Octoberသတင်း
မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာ ကုန်သွယ်ခွင့်ကန့်သတ်မှုကြောင့် ကားသမားတွေ အခက်တွေ့
မန္တလေး–ကချင်ပြည်နယ်ကို ပြေးဆွဲတဲ့ယာဥ်မှန်သမျှကို နှစ်ဖက်လက်နက်ကိုင်တွေက ကုန်သယ်ယူခွင့် ကန့်သတ်မှု နဲ့ စစ်ဆေးရေး တင်းကြပ်မှုတွေကြောင့် ကားသမားတွေ ခရီးစဥ်ပုံမှန်ပြေးဆွဲဖို့ အခက်တွေ့လာရတယ်လို့ သိရပါတယ်။ မန္တလေး–မြစ်ကြီးနား ကားလမ်မပေါ် စစ်ကောင်စီတပ်ဂိတ်တွေမှာ ကန့်သတ်ထားတဲ့ ထုတ်ကုန်တွေကတော့ အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ အင်ဗာတာ၊ ဆိုလာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကန့်သတ်ထားတဲ့ အဓိကပစ္စည်းတွေပါရင်…
Read More » -
Sep- 2025 -16 Septemberသတင်း
မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေး – ရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်အထိ အတက်အဆင်း လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေစပြီး စမြင့်တက်လာနေတာဖြစ်တယ်လို့…
Read More » -
Aug- 2025 -29 Augustသတင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေ
စစ်ကောင်စီတပ်က အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ကားသမားတွေဆီကသိရပါတယ်။ ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းတပ် အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဗျူဟာလမ်းပိုင်းကိုစစ်ကောင်စီကထိန်းချုပ်ဖို့ကြိုးစားလာတာဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကသုံးသပ်ကြပါတယ်။ “စစ်ကောင်စီက ဗျူဟာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားလာနေတာလို့ထင်တယ်။ အင်အားတော်တော်များများနဲ့ကို စစ်ကြောင်းထိုးနေတာ။ကန့်ဘလူနယ်ထဲက ဗျူဟာလမ်းပိုင်းကိုပေါ့။…
Read More » -
26 Augustသတင်း
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…
Read More » -
22 Augustသတင်း
မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ
မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းက မိုင် ၄၀ ကျော်ရှိတဲ့ ပေကြီးကွင်းလမ်းဟာ မိုးရွာသွန်းမှုတွေကြောင့်အသုံးပြုဖို့ခက်ခဲလာတာကြောင့် ကားသမားတွေဟာ ကသာမြို့နယ်ဘက်ကနေပတ်ပြီးခရီးနှင်နေကြရတာလို့သိရပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ ၅ ရက်ဝန်းကျင်သွားနေရတဲ့အကြောင်းကားသမားတစ်ဦးကအခုလိုပြောပါတယ်။ “ကျနော်တို့ကဇာတ်ကူးပြီးသွားနေရတာပေါ့။ ကွင်းလမ်းတွေကသွားလို့မရဘူး။…
Read More » -
8 Augustသတင်း
ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့…
Read More » -
6 Augustသတင်း
စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။…
Read More » -
Jul- 2025 -17 Julyသတင်း
စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘောအပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။ “ကျနော်တို့ခန့်မှန်းတာကတော့ ဒီလကုန်လောက်ဆိုဗန်းမော်အထိတက်နိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကုန်တွေကလည်းများတယ် ရိက္ခာကလည်းများတယ်ဗျ။…
Read More » -
Jun- 2025 -17 Juneသတင်း
မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ မန္တလေး – မြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ…
Read More » -
13 Juneသတင်း
မြစ်ကြီးနား-မန္တလေးကွင်းလမ်းပျက်စီးလို့ ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေ
မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား–မန္တလေးကွင်းလမ်းပျက်စီးနေပြီး ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေတာ ၅ ရက်ခန့်ရှိလာပြီလို့ ကားသမားတွေနဲ့ဂိတ်မှူးတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာစတဲ့ကျေးရွာတောက်လျှောက်ဆက်သွယ်ထားတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ ပြည်ထောင်စုလမ်းမတစ်နေရာကို စစ်ကောင်စီတပ်ကဖြတ်သန်းခွင့်မပေးဘဲပိတ်ထားတာလို့သိရပါတယ်။ လက်တလော အဆိုပါလမ်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် အသုံးပြုလို့မရအောင်ဆိုးရွားစွာပျက်ဆီးနေပြီး ကချင်ပြည်နယ်အဝင်ကိုကားအဝင်မရှိတဲ့အခြေနေထိဖြစ်နေတယ်လို့…
Read More »






