စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးသို့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများမှ သိရသည်။ ဇူလိုင်လ ၅ ရက် ည ၈နာရီဝန်းကျင်တွင် စစစ ရုံးအနီး စစ်ကားတစ်စီး ဝင်ရောက်လာချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦး ယခုလိုပြောသည်။ " ၈နာရီ မထိုးခင်ပေါက်ကွဲသံ၂ချက် အရင်ကြားရတယ်။ အဲနောက်တစ်ကြိမ်ထပ်ကွဲတာတော့ စစ်ကားတစ်စီး အဲ့ရုံးရှေ့မှာအရောက် ကွက်တိမိုင်းတစ်လုံးထပ်ကွဲသံကြီးကြားလိုက်တာ အိမ်တောင်တုန်သွားတယ်" ဟု