မိုးကောင်း
-
Dec- 2025 -2 Decemberသတင်း
ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်သလို ရွေးထုတ်ဖို့ပြင်ဆင်တဲ့အိမ်တွေကို မီးရှို့မယ်လို့ SAN တပ်ကခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးကောင်းမြို့ထဲကို မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းတို့ ရောက်လာပြီး မကြာခင်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲအပြင် လက်ရှိစစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး ဒေသတွင်းတာဝန်ရှိသူများကိုလာတွေ့ဆုံသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်က လူငယ်၊လူလတ်ပိုင်း ၂၀ ကျော်ကိုဖမ်းဆီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “နန်းခွင်နဲ့ ပင်းဘောမှာ ရှမ်းနီဝင်ဆွဲတာ ၊ တိုင်းမှူးလာပြီးနောက်ရက် အဖမ်းခံရတဲ့ မိသားစုတွေမပြောရဲကြဘူး၊ အိမ်မီးရှို့မယ်လို့ခြိမ်းခြောက်သွားလို့တဲ့”လို့ ပြောပါတယ်။ မြစ်ကြီးနား– ရွှေဘို– မန္တလေးလမ်းမပေါ်ရှိ မိုးညှင်း၊မိုးကောင်းမြို့တွေဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီတပ်တို့ဘက်က နယ်မြေအများပိုင်း စိုးမိုးထားနိုင်ဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေတဲ့အပြင် လူသစ်စုဆောင်းမှုအများဆုံးလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မိုးကောင်းမြို့နယ်၊ နန်းခွင်ရွာအခြေစိုက် ခမရ (၅၂၁) တပ်ရင်းကို KIA နဲ့ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ တတိယပတ်မှာ ဟိုပင်အထိုင်တပ်ရင်းတွေကနေ KIA၊ KPDF အထိုင်ချထားတဲ့ အရှေ့တောင်ကြောဘက်ကို လက်နက်ကြီး၊ ဒရုန်းအကူအညီနဲ့ တောက်လျှောက်ပစ်နေပြီး စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးအပတ်မှာတော့ မိုးညှင်း– မိုးကောင်းကြားရှိ ဟိုပင်မြို့ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းကူးတံတားကိုလည်း SAN ပူးပေါင်းတပ်တွေက မြေတူးဆွကာဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နန်းခွင်၊ပင်းဘောတစ်လျှောက် လူသစ်စုဆောင်းတာတွေလုပ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ “ခုဒီဘက်မှာ စစ်တင်းမာနေတယ် ဒါကြောင့် SNA ကလည်း ဖမ်းသွားတဲ့သူဆိုရင် ရွေးခွင့်ကိုမပြုတော့တာ။နေရာကွက်ကြားလက်နက်ကြီးသံတွေကြားလာရတယ်”လို့ နန်းခွင်ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဟိုပင်မြို့၊နန်းခွင်ကျေးရွာ၊ပင်းဘောရွာတွေဟာ နယ်မြေအားဖြင့်တစ်ဆက်တည်းရှိတဲ့နေရာတွေဖြစ်ပြီး ဒီလမ်းမတစ်လျှောက်မှာ SNA ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားတာ၊ လူသစ်စုဆောင်းတွေက ခုနောက်ပိုင်း ပိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – CJ
Read More » -
Nov- 2025 -26 Novemberသတင်း
မိုးကောင်းမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတွေကို ဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေပြော
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။ လက်ရှိ မိုးကောင်းမြို့ရဲ့မူးယစ်ဆေး တိုက်ဖျက်ရေးကို ရဲမှူးရဲထွန်းအောင်က တာဝန်ယူကာ နိုဝင်ဘာ ၂၀ ရက်နေ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၁ ရက် နောက်တစ်နေ့မှာဘဲ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ ပုံမှန်အတိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတုန်းပဲလို့ အမည်မဖော်လို့တဲ့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မူးယစ်ကလည်း မနေ့ကဖမ်း ဒီနေ့ပြန်ရောင်းပြီး ခင်းပြီးရောင်းနေတယ် သုံးစွဲသူ ၃၀လောက်ရှိနေတယ်။ ပုံမှန်တိုင်းပဲပြန်ဖြစ်နေတာ”လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များလာတာနဲ့အတူ မိုးကောင်းမြို့မှာ ယခင်နှစ်တွေထက်ခိုးဆိုးလုယက်တာတွေလည်း ပိုများလာနေတယ်လို့ သိရပါတယ်။ မိုးကောင်းမြို့ထဲ ဒီနိုဝင်ဘာလ သုံးပတ်အတွင်းမှာ ဆိုင်ကယ် ၄ စီးထိ ပျောက်ဆုံးခဲ့ပြီး တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။ “ဖိုးသမားတွေခိုးတာ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်ကတော့ ဖိုးသမားတစ်ဦး အိုးတန်းထဲက ဖုန်းတစ်လုံးခိုးယူခဲ့တာကို အိမ်ရှင်တွေ ဖမ်းမိပြီး ဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။ ဆိုင်ကယ်ခိုးယူတဲ့တရားခံတွေကိုဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် ဒေသခံတစ်ချို့သုံးသပ်တာကတော့ ဆိုင်ကယ်ခိုးယူသူတွေဟာ မူးယစ်ဆေးသမားတွေသာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ တစ်လကို ခိုးမှုဆယ်ကြိမ်ထက်မနည်း ရှိနေပြီး အိမ်ရှေ့တပ်ထားတဲ့ မီးသီးအပြင် ရေမော်တာ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ပစ္စည်းတွေကို အိမ်ထဲထိ ဝင်ရောက် ခိုးယူကြတယ်လို့ သိရပါတယ်။ မိုးကောင်းဒေသခံတွေ ပြောကြားချက်အရတော့ ဒီလို ခိုးမှုပိုမို ဆိုးရွားလာတာဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များပြားလာတာကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးဖြစ်တဲ့ ရွာသစ်ရပ်ကွက်ဟာ အထက ၂ ကျောင်းဘေး၊ တရုတ်ဂူကြီး ၂လုံးအကျော် ဧရာရုပ်ရှင်ရုံ ဘေးမှာရှိနေပြီး လမ်းကြီးမှာ ဆေးထိုးအပ်တန်းကြီး ပေါ်တင်သုံးစွဲနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေ၊ ကျောင်းသား/သူတွေအတွက် အမြင်မတော်တာတွေ၊ သွားလာရခက်ခဲတာတွေ ဖြစ်နေတဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ အရေးယူဖမ်းဆီးပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားဖမ်းခေါ်သွားတဲ့တစ်ရက်အတွင်းမှာ အလားတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်က မညိုမီထွန်းရဲ့ နေအိမ်ကနေ ကျပ်သိန်း ၆ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(CCDAC Myanmar) ကလည်း သူတို့ရဲ့ဖော့စဘုတ်ပေ့ကနေ ထုတ်ပြန်ခဲ့ပါတယ်။ By – Hope
Read More » -
Jul- 2025 -29 Julyသတင်း
ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ
Read More » -
Jul- 2024 -3 Julyသတင်း
မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ
ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့် မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှစတင်ပြီး မိုးကောင်းမြို့ထဲ ရေစတင်ဝင်ရောက်လာပြီး ဒီကနေ့မှာတော့ မြို့တွင်းကားလမ်းမကြီးသာကျန်ရှိပြီးတော့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းစီရှိတဲ့ လူနေအိမ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လာတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မြို့တစ်ခုလုံးကြီးနေပါတယ် ကယ်ဆယ်ရေးတွေလည်း အခုလုပ်ဖို့ စီစဉ်နေကြတယ်။ ရေကြီးတဲ့ အခြေအနေက ကားလမ်းဘဲကျန်တော့တယ်။ မြို့ရဲ့ ဒီဘက် ဟိုဘက်ခြမ်း ရပ်ကွက်အကုန်လုံးမှာ ရေပြည့်သွားပြီ။ စတင်များလာတာက ညနေပိုင်း ၄ နာရီလောက်မှ ရေစတင်များလာတာဟုတ်။ မိုးကောင်းမှာက ကားလမ်းမကြီးက ကုန်းလိုဖြစ်နေတော့ ကားလမ်းပဲပေါ်တော့တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ စျေးကုန်း၊ ကိုးတန်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ ဘူတာဇွပ်နဲ့ နောင်ကိုင်တော စတဲ့ ရပ်ကွက်နေရာတွေမှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေက သွားလို့မရဘဲ နေအိမ်အတွင်းမှာပဲ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ မိုးကောင်းမြို့မှာ ဒီကနေ့ အစောပိုင်းမှ ရေစိုးရိမ်အမှတ်ကျော်လွန်ပြီး မြင့်တက်လာသလို နောက်ထပ် ရေစိုးရိမ်အမှတ်ထက် ၄ ပေဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ခန့်မှန်းထားတာကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံပြည်သူတွေကို ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့ လိုက်လံပြောဆိုနေတယ်လို့လည်း သိရပါတယ်။ အခုလို မိုးကောင်းမြို့တစ်ခုလုံး ရေကြီးရေလျှံဖြစ်ပြီး ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေကို အဓိကအနေနဲ့ သောက်ရေသန့်နဲ့ အစားအသောက်တွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ပြည်သူတွေက လောလောဆယ်က တစ်ချို့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့တော့သိရတယ်။ အများပိုင်းက နှစ်တိုင်းလိုလိုရွှေ့ပြောင်းတာမျိုးတော့ မရှိဘူး။ အားလုံးက မိမိအိမ်မှာပဲ ကြီးရင်လည်း ကြီးသလို ရှိတယ်။ ပြီးရင် ရွှေ့ပြောင်းမယ့် နေရာလည်းမရှိဘူးလေ။ ဒါကြောင့် ပြည်သူတွေအတွက် လိုအပ်တာက သောက်ရေသန့်နဲ့ အစားအသောက်တွေက ကူညီပေးဖို့ လိုအပ်နေပါတယ်”လို့ပြောပါတယ်။ မိုးကောင်းဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ရေက ဆက်လက်မြင့်တက်နေသေးတာကြောင့် လက်ရှိအချိန်ထက် ပိုမိုကြီးလာနိုင်သလို ချောင်ရေကြီးတဲ့ အထက်ပိုင်းတွေမှာ မိုးတိတ်သွားပါက နေ့ချင်းတွင်းမှာပဲ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ၄ ပေအထိ မြင့်တက်ခဲ့တာကြောင့် မိုးကောင်းမြို့တစ်ခုလုံး အကြီးမားဆုံး ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယခုနှစ်မှာလည်း စိုးရိမ်အမှတ် ၄ ပေအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြုံတွေ့ရမှာကို မိုးကောင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။ မိုးကောင်းမြို့ဟာ မြေနိမ့်ရာဒေသတစ်ခုဖြစ်တဲ့အပြင် ချောင်းရေ ၃ နေရာဆုံတဲ့ ရေလမ်းကြောင်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် နှစ်စဉ် ရေဘေးန္တရာယ်ကို ၃ ကြိမ်အထက် မိုးကုန်တဲ့အထိ ကြုံတွေ့နေရမြဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ နှစ်စဉ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရင်းမှာ တနိုင်းဘက်ကနေ စီးဆင်းလာတဲ့ မိုးကောင်းချောင်း၊ မိုးညှင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်း၊ အင်းတော်ဘက်ကနေ စီးဆင်းလာတဲ့ လိုင်နောင်ချောင်း စတဲ့ ချောင်းရေ ၃ ခုက ဆုံစည်းတဲ့ နေရာဖြစ်တာကြောင့်လည်း မိုးကောင်းမြို့ဟာ ကချင်ပြည်နယ်ထဲက ရေဘေးအန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
2 Julyသတင်း
မိုးကောင်းမှာ လျှပ်စစ်မီးပျက်တာ ၄ ရက်ရှိပြီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက လျှပ်စစ်မီးပျက်သွားပြီး မီးပျက် နေတာ ၄ ရက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။ မိုးကောင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းရာကနေ မိုးကောင်းမြို့ကို မီးပေးနေတဲ့ရေအားလျှပ်စစ်က သဲနုံးပိတ်ဆို့သွားတာကြောင့် မီးမပေးနိုင်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ကျနော်တို့ဆီမှာ လက်ရှိမီးပျက်တာ…
Read More » -
Jun- 2024 -17 Juneသတင်း
မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး ဖွင့်တဲ့ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချနေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ ဇွန်လ ၁၆ ရက်နေ့ မနေ့ကစပြီးတော့ စက်သုံးဆီဆိုင်တွေအတော်များများပိတ်သွားတာဖြစ်ပြီး ဖွင့်တဲ့ ဆီဆိုင်တွေကလည်း ပါဆယ်မရောင်းချတော့ပဲအကန့်အသတ်တွေနဲ့သာဝယ်ယူနေရတယ်လို့ မိုးကောင်းမြို့ က ဒေသခံတစ်ယောက်ကပြောပါတယ်။ “မိုးကောင်းတစ်မြို့လုံးမှာ ဆိုင်က…
Read More » -
14 Juneသတင်း
မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ
မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “မိုးကောင်းမြို့အထွက်လို့ပြောရမှာပေါ့ အာ့မှာအဓိကတော့ VPN စစ်တယ် VPN ထည့်ထားတဲ့သူဆိုရင် ဖျက်ခိုင်းပြီး တစ်ယောက်ကို ၂ သိန်းတောင်းတယ်”လို့ ဖုန်းစစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ခုလို VPN ကို အဓိကထားစစ်ဆေးနေတာဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်တွေကို မသုံးစေချင်တဲ့အတွက်ဖြစ်ပြီး သတင်းအမှောင်ချချင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့အထွက် ၂ မိုင်ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတဲ့အပြင် အခွန်အခတွေကောက်ခံနေတယ်လို့လည်း သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က ခုရက်ပိုင်း မြို့တွင်းနေရာတစ်ချို့မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN ကို အဓိကရှာဖွေစစ်ဆေးနေတယ်လို့ မြစ်ကြီးနားဒေသခံတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၃၀ ရက်နေ့ကစပြီး စစ်တပ်က VPN အသုံးမပြုဖို့ secure Web Gateway ကို ပိတ်ပင်လိုက်တဲ့အပြင် ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN (Virtual Private Network) လို့ခေါ်တဲ့စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။ ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပြီး DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ အလားတူ သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။ By – CJ
Read More » -
Apr- 2024 -25 Aprilသတင်း
မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ
ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟိုပင်မှာဆို ၄ နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့…
Read More » -
10 Aprilသတင်း
ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော
မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။ ဒါကြောင့် ဝါးတားဂိတ်နဲ့ နီးကပ်ကြတဲ့ ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ပြီးနေကြဖို့ မိုးကောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ပြီးခဲ့တဲ့…
Read More » -
1 Aprilသတင်း
ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆ ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ မြို့မရပ်ကွက်…
Read More »









