မိုးကောင်း

  • အင်တာဗျူး

    မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းချက်

    မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…

    Read More »
  • သတင်း

    မိုးကောင်းမှာ ဖမ်းဆီးခံရသူ ၂၀၀ အထိရှိလာပြီး စစ်ကြောရေးမှာ သေဆုံးသူ ၄ ဦးအထိရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင်လောက်ရှိလာပြီး စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်လို့ သေဆုံးသွားသူ ၄ ဦးအထိရှိလာပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းလောက်ကနေ မိုးကောင်းမြို့ထဲမှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး လိုက်လံဖမ်းဆီးအရေးယူနေတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့…

    Read More »
  • သတင်း

    မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး

    ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဇင်ယော်စက်သုံးဆီဆိုင်ကို စစ်ကောင်စီတပ်ကPDFတွေကိုထောက်ပံ့တယ်လို့ဆိုပြီး စက်သုံးဆီဆိုင်ကိုလည်းဖြိုချခဲ့သလို ဆိုင်ဖြိုချခံရပြီးရက်ပိုင်းမှာပဲ ပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့…

    Read More »
  • ဆောင်းပါး

    ထောက်ပို့မိခင် အကြော်သည်

    ယိုင်နှဲ့နှဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအိမ်လေးထဲမှာ ဒေါ်နာမ်တစ်ယောက် ညစာစားဖို့ထမင်းခူးခပ်နေတုန်း စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကိုင်ဖုန်းလေးမြည်လာပါတယ် “အမေရေ.. သားဒီလဖုန်းအသစ်လှဲရမယ် ပိုက်ဆံငါးသိန်းလောက် လိုတယ်။ အမေ သားကိုပိုက်ဆံ ငါးသိန်းလောက် အဆင်ပြေရင်ပို့ပေးပါနော်” ဆိုပြီး ဖုန်းချသွားသူကတော့ဖားကန့်ကာကွယ်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူ အဖုန်(အမည်လွှဲ) ပါ။ အသက် ၄၈ နှစ်အရွယ်…

    Read More »
  • သတင်း

    မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ်အတွင်းက ဈေးဆိုင်၊ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေကို ကာကွယ် ရေးတပ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးတော့ မနေ့က…

    Read More »
  • သတင်း

    မိုးကောင်းမှာ အသစ်ဖွင့်တဲ့လောင်းကစားရုံပြန်ပိတ်လိုက်ရ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ အသစ်ဖွင့်တဲ့ လောင်းကစားရုံဒီကနေ့ မနက် ၈နာရီလောက်မှာပဲ ပြန်ပိတ်သိမ်းလိုက်ရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလောင်းကစားရုံဟာ မိုးကောင်းမြို့နယ်အလယ်ရပ်ကွက်မှာ ဩဂုတ်လ ၂၆ ရက်နေ့ကပဲ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီးဒေသခံတွေ ပိတ်သိမ်းစေလိုတယ်လို့ သတင်းဌာနတွေကနေတစ်ဆင့် ကြေညာပြီးနောက်မှာပဲ အခုလို ပိတ်သိမ်းခံလိုက်ရ တာလို့ ဒေသခံတစ်ယောက်က…

    Read More »
  • သတင်း

    စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသား မိုးကောင်းဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး

    မိုးကောင်းမြို့နယ် နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက် ( Pyaw Len lawk)က ဖမ်းဆီးခံသွားရတဲ့ ဝဘော်တန်ဂွန်းမိသားစု ၃ ယောက်ထဲက ဖခင်ဖြစ်တဲ့ ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ “မိန်းမနဲ့ကလေးရှေ့မှာတင် စစ်ဆေးမေးမြန်းတာတဲ့ အဲမှာလက်လွန်သွားလို့ သေသွားပြီဆိုပြီးတော့ ဒီနေ့…

    Read More »
  • သတင်း

    မိုးကောင်းမြို့မှာ စစ်တပ်ကဖွင့်ခိုင်းထားတဲ့ လောင်းကစားရုံ ပိတ်ပေးစေလို

    မိုးကောင်းမြို့ထဲမှာ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ အလယ်ရပ်ကွက်မှာ ဖွင့်ထားတဲ့လောင်းကစားရုံကို ပိတ်ပေးစေလိုတယ်လို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ အဲဒီလောင်းကစားရုံမှာ ကာစီနို၊ငါးပစ်ဂိမ်း၊မူးယစ်ဆေးဝါးအစုံရနိုင်တဲ့နေရာဖြစ်ပြီး ၂၄ နာရီဖွင်တဲ့လောင်းကစားရုံဖြစ်ကာ မိုးကောင်းမြို့မှာအကြီးဆုံးလောင်းကစားရုံဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “မိုးကောင်းမြို့မှာ လောင်းကစားရုံက အကြီးအကျယ်ဖွင့်လာပြီ အိမ်လုံးပြတ်ငှားပြီးမှ ရုပ်ရည်အဆင်ပြေတဲ့ကောင်မလေးတွေကိုခေါ် …

    Read More »
  • သတင်း

    မိုးကောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၅ ယောက်ထပ်ဖမ်းခံရ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ဒေသခံ ၅ယောက်ကို စစ်ကောင်စီတပ်က ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံသွားရသူတွေဟာ မိုးကောင်းမြို့နယ် ကားဂိတ်အနီးကကချင်ရိုးရာစားသောက်ဆိုင်က ကလေးငယ်နဲ့ ဒေသခံ ၄ ယောက်အပါအဝင် ဆိုင်ကိုလာတဲ့…

    Read More »
  • သတင်း

    မိုးကောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ အရပ်သား ၁၇ ဦးထိရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေရာကနေ ဒီကနေ့ မနက်ပိုင်းအထိ အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်း‌ ဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းအထက်တန်းကျောင်းမှာ…

    Read More »
Back to top button