မီးလောင်
-
Apr- 2024 -11 Aprilသတင်း
လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။ လုံးခင်းကျေးရွာအရှေ့ဘက် လုံးခင်းနဲ့လယ်ပြင်ကျေးရွာကြားမှာ နေထိုင်တဲ့ပြည်သူတွေစွန့်ပစ်နေတဲ့အမှိုက်ပုံကို ဧပြီ ၁၀ ရက်နေ့ညမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေရာအကျယ်အဝန်းပေပေါင်း ၃၀၀၀ ကျော်မီးလောင်သွားတယ်လို့ လုံးခင်းကျေးရွာအနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “စရှို့တာက ည ၃ နာရီဝန်းကျင်လောက်ဟုတ်တယ် နေတော့နည်းနည်းကျသွားပြီအဲ့ချိန်ရှို့တာ ဒါပေမယ့်အမှိုက်ပုံကပြန့်ကျဲနေတော့သူ့နားမှာလည်းကိုင်းတောကြီးရှိတယ် အဲ့ကိုင်းတောကိုမီးကူးစက်သွားတာ တောကျယ်တယ် ပေ ၃၀၀၀ ၊၄၀၀၀ လောက်ထိကိုမီးလောင်သွားတယ်”လို့ အသက် ၃၀ ကျော်အရွယ်အမျိူးသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီအမှိုက်ပုံဟာ လုံးခင်းစည်ပင်သာယာကအမှိုက်စွန့်ပစ်တဲ့နေရာဖြစ်သလို ဒေသခံတွေ၊ ကုမ္ပဏီတွေကလည်း အမှိုက်စွန့်ပစ်လေ့ရှိတယ်လို့သိရပါတယ်။ တောမီးလောင်ရာကနေ လုံးခင်းကျေးရွာထဲကလူနေအိမ်တွေနဲ့နီးကပ်လာတာကြောင့် ဒေသခံတွေ၊ ကူမှုကူညီရေးအသင်းတွေက အရေးပေါ်စုပေါင်းမီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ “ပထမတော့ဒီတိုင်းရပ်ကြည့်နေတာခြေနေမဆိုးလောက်ဘူးပေါ့ဘယ်ဟုတ်မလဲခနနေတော့ မီးကဖြေးဖြေးများများလာပြီးအိမ်တွေဘက်ကိုကပ်လာတော့ အနီးနားက လူတွေကောအဲ့နားကုမ္မဏီကားတွေနဲ့တော့ လူမှုကူညီရေးအသင်းက ကားတွေနဲ့ကော ရေတွေသယ်ပြီး ငြိမ်းလိုက်ရတာ မနည်းကိုမီးငြိမ်းခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လုံးခင်းကျေးရွာဟာ ရပ်ကွက်ပေါင်း ၅ ခုရှိတာဖြစ်ပြီး ရပ်ကွက်အားလုံးကိုစည်ပင်အမှိုက်သိမ်းကားတစ်စီးနဲ့သာအမှိုက်သိမ်းပေးတာကြောင့် ဒေသခံအများစုဟာစွန့်ပစ်အမှိုက်တွေကို ဥရုချောင်းဘေးနဲ့ နီးစပ်ရာတောစပ်တွေမှာလည်းစွန့်ပစ်နေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းကာအခက်တွေ့ကြတယ်လို့သိရပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသရဲ့အထင်ကရ ကျေးရွာကြီးအဖြစ်တဲ့ လုံးခင်းမှာလူဦးရေထူထပ်သိပ်သည်းပြီး အိမ်ထောင်စု ၃၅၀၀ ကျော်၊ လူဦးရေနှစ်သောင်းကျော်နေထိုင်ကြတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Feb- 2024 -13 Februaryသတင်း
မော်လူးစည်ပင်စျေး ဆောက်လုပ်ပြီးစီးဖို့ ငါးလခန့်ကြာမြင့်နိုင်
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက မီးလောင်ပျက်စီးသွားတဲ့ မော်လူးမြို့မစျေး တည်ဆောက်ပြီးစီးနိုင်ဖို့ အချိန် ၅ လ ခန့်ကြာမြင့် နိုင်ပြီး NUG အစိုးရကလည်း ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပေါ့ဆမီးကြောင့် ဆိုင်ခန်းပေါင်း ၁၀၀…
Read More » -
Mar- 2023 -30 Marchတိုက်ပွဲ
ရွှေကူနယ်ရှိ ကျေးရွာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် မီးလောင်းပြာကျ
ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း လက်ရှိ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် ကျေးရွာ ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ထပ်မံ လာရောက်ဗုံးကျဲတိုက်ခဲ့ကြောင့် ကျေးရွာ ၂ ခုမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်…
Read More »