သတင်း

လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။

လုံးခင်းကျေးရွာအရှေ့ဘက် လုံးခင်းနဲ့လယ်ပြင်ကျေးရွာကြားမှာ နေထိုင်တဲ့ပြည်သူတွေစွန့်ပစ်နေတဲ့အမှိုက်ပုံကို  ဧပြီ ၁၀ ရက်နေ့ညမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေရာအကျယ်အဝန်းပေပေါင်း ၃၀၀၀ ကျော်မီးလောင်သွားတယ်လို့ လုံးခင်းကျေးရွာအနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

စရှို့တာက   နာရီဝန်းကျင်လောက်ဟုတ်တယ် နေတော့နည်းနည်းကျသွားပြီအဲ့ချိန်ရှို့တာ ဒါပေမယ့်အမှိုက်ပုံကပြန့်ကျဲနေတော့သူ့နားမှာလည်းကိုင်းတောကြီးရှိတယ် အဲ့ကိုင်းတောကိုမီးကူးစက်သွားတာ တောကျယ်တယ် ပေ ၃၀၀၀ ၊၄၀၀၀ လောက်ထိကိုမီးလောင်သွားတယ်လို့ အသက် ၃၀ ကျော်အရွယ်အမျိူးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီအမှိုက်ပုံဟာ လုံးခင်းစည်ပင်သာယာကအမှိုက်စွန့်ပစ်တဲ့နေရာဖြစ်သလို ဒေသခံတွေ၊ ကုမ္ပဏီတွေကလည်း အမှိုက်စွန့်ပစ်လေ့ရှိတယ်လို့သိရပါတယ်။

တောမီးလောင်ရာကနေ လုံးခင်းကျေးရွာထဲကလူနေအိမ်တွေနဲ့နီးကပ်လာတာကြောင့် ဒေသခံတွေ၊ ကူမှုကူညီရေးအသင်းတွေက အရေးပေါ်စုပေါင်းမီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ပထမတော့ဒီတိုင်းရပ်ကြည့်နေတာခြေနေမဆိုးလောက်ဘူးပေါ့ဘယ်ဟုတ်မလဲခနနေတော့ မီးကဖြေးဖြေးများများလာပြီးအိမ်တွေဘက်ကိုကပ်လာတော့ အနီးနားက လူတွေကောအဲ့နားကုမ္မဏီကားတွေနဲ့တော့ လူမှုကူညီရေးအသင်းက ကားတွေနဲ့ကော ရေတွေသယ်ပြီး ငြိမ်းလိုက်ရတာ မနည်းကိုမီးငြိမ်းခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လုံးခင်းကျေးရွာဟာ ရပ်ကွက်ပေါင်း  ခုရှိတာဖြစ်ပြီး ရပ်ကွက်အားလုံးကိုစည်ပင်အမှိုက်သိမ်းကားတစ်စီးနဲ့သာအမှိုက်သိမ်းပေးတာကြောင့် ဒေသခံအများစုဟာစွန့်ပစ်အမှိုက်တွေကို ဥရုချောင်းဘေးနဲ့ နီးစပ်ရာတောစပ်တွေမှာလည်းစွန့်ပစ်နေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းကာအခက်တွေ့ကြတယ်လို့သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသရဲ့အထင်ကရ ကျေးရွာကြီးအဖြစ်တဲ့ လုံးခင်းမှာလူဦးရေထူထပ်သိပ်သည်းပြီး အိမ်ထောင်စု ၃၅၀၀ ကျော်၊ လူဦးရေနှစ်သောင်းကျော်နေထိုင်ကြတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button