သတင်း

မော်လူးစည်ပင်စျေး ဆောက်လုပ်ပြီးစီးဖို့ ငါးလခန့်ကြာမြင့်နိုင်

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက မီးလောင်ပျက်စီးသွားတဲ့ မော်လူးမြို့မစျေး တည်ဆောက်ပြီးစီးနိုင်ဖို့ အချိန် ၅ လ ခန့်ကြာမြင့် နိုင်ပြီး NUG အစိုးရကလည်း ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပေါ့ဆမီးကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်အထိမီးလောင် ပျက်စီးသွားတဲ့ မှော်လူးမြို့စျေးကို ပြန်လည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအစိုးရ (NUG)နှင့်ဒေသခံစျေးသူစျေးသားတွေ၊ သက်ဆိုင်ရာအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ဖြစ်ပါတယ်။

ဒါပေမယ့် ဆောက်လုပ်ပြီးစီးဖို့ အချိန်ငါးလ လောက်ကြာမြင့်သွားနိုင်ပါတယ်လို့ မော်လူးမြို့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

လောလောဆယ်က ကျွန်တော်တို့ သံဖရိန်နဲ့ဆောက်ဖို့စီစဥ်ထားပါတယ်ဗျပုံဟောင်းအတိုင်းပါပဲဗျပုံဟောင်းအတိုင်းကိုကျွန်တော် တို့ လုပ်ဖို့စီစဥ်ထားပါတယ်။ ဖောင်ဒေးရှင်းတွေကအစအသစ်ကနေပြန်တက်ရမှာမယ် ကျွန်တော်ထင်တယ် အပြီးအစီးထိဆို အချိန်ငါးလ လောက်တော့ထပ်စောင့်ရမယ်ဗျလို့ သူကပြောပါတယ်။

အဲ့ဒီစျေးကို သံဖရိန်၊သွပ်မိုး၊ အုတ်တက်ပုံစံတည်ဆောက်သွားမှာဖြစ်ပြီး ဆိုင်အခန်းပေါင်း ၁၂၀ ခန့်အထိပါဝင်မှာဖြစ်တာကြောင့်  စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း ၂၀၀၀ ခန့် ကုန်ကျနိုင်တယ်လို့သိရပါတယ်။

ခန့်မှန်းကတော့ သိန်း ၂၀၀၀ လောက်ကုန်နိုင်တယ်ဗျ လောလောဆယ် NUG ကတော့ သိန်း ၂၀၀ မတည်ထားပါတယ် ကျန်တာကတော့  စျေးသူစျေးသားတွေပဲဝိုင်းဝန်းပြီးမှအဲ့ဒီပုံစံသွားပါမယ်လို့ အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်။

နဂိုက အဲ့ဒီစျေးမှာ စျေးရောင်ခဲ့တဲ့ စျေးသည်ပေါင်း ၁၅၀ ကျော်အတွက်ကိုတော့ လက်ရှိ မီးလောင်သွားတဲ့စည်ပင်စျေးရှေ့ကားလမ်းဘေးမှာ ယာယီတဲထိုးပြီး စျေးရောင်းခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။

မော်လူး မြို့မစျေးတန်းဟာ  ဇန်နဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်မှာ ပေါ့ဆမီးကနေ တဆင့်မီးကူးစက်ရာကနေ စျေးတစ်ခုလုံးမီးလောင်ပြာကျသွားခဲ့တာဖြစ်တယ်။

KIAPDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မော်လူးမြို့ဟာအင်းတော်မြို့နယ်ထဲမှာ ပထမဆုံးအကြိမ် ပြည်သူ့အုပ်ချုပ်ရေးစနစ် အသက်ဝင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button