မုန်လိုင်ခက်

  • Aug- 2024 -
    8 August
    သတင်း

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နဲ့ ကုန်းလော(Kunglaw) နေရာတွေဖြစ်ပြီး  ဩဂုတ်လ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲပေးတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ်တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်”လို့ပြောပါတယ်။ မိုင်ဆပ်ပါကျေးရွာထဲ ပစ်ခတ်ခံရမှုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိတဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။ KBC ဘုရားကျောင်းအနီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ထဲမှာ အသက် ၂၀ ခန့်ရှိတဲ့ မလန့်ခေါန်နန်(Malan Hkawn Nan) ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်း ခြေထောက်တစ်ဖက် ဗုံးစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုင်ဆပ်ပါကျေးရွာ KBC ဘုရားကျောင်းနေရာကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပြီး လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တစ်ဆက်တည်း မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ထပ်မံပြောဆိုပါတယ်။…

    Read More »
  • Oct- 2023 -
    16 October
    ဆောင်းပါး

    မုန်လိုင်ခက် (Mung Lai Hkyet)

    မှိုင်းညို့ညို့ ကောင်းကင်အောက် အေးချမ်းတဲ့ တောင်ပေါ်ရွာလေးမှာနေကြတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေဟာ မကြာခင်ကြုံတွေ့ရတော့မယ့် အန္တာရယ်ဆိုးကို သတိမပြုမိကြဘဲ တစ်ရွာလုံးတိတ်ဆိတ်ပြီး အိပ်စက်အနားယူနေကြပါတယ်။ မုန်လိုင်ခက်ရွာဟာ ဝေကြိုင်ဘွမ်၊ စင်ယူဘွမ်၊ ရှိန်တောမ်ဘွမ် ပတ်လည်ဝိုင်းထားတဲ့အလယ်မှာရှိပြီးလိုင်ဇာမြို့နဲ့ မတူဘဲ ရာသီဥတုခပ်အေးအေးနဲ့ အလွန်တရာမှ နေလို့ကောင်းတဲ့ ရွာလေးဖြစ်ပါတယ်။…

    Read More »
  • 13 October
    အင်တာဗျူး

    မုန်လိုင်ခက် ဖြစ်စဉ်မှာ သား/သမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်ချက်

    KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ မုန်လိုင်ခက်ရွာမှာ အောက်တိုဘာလ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့  လက်နက် ဗုံးကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရွာသား ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၂၉ ယောက်ထဲမှာ အသက် ၁၂ နှစ်အောက်…

    Read More »
  • 11 October
    သတင်း

    မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  ရှုံ့ချတဲ့အနေနဲ့ Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ KSCM အဖွဲ့က တောင်းဆို

    လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုံချတဲ့အနေနဲ့  Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ Kachin State Civillian Movement (KSCM ) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၉ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှာရှိတဲ့ မိခင်နဲ့ကလေးသူငယ်အပါအဝင် ထိခိုက်သေဆုံးသူ…

    Read More »
  • 10 October
    သတင်း

    လေကြောင်းပစ်ခတ်မှုမှာ ကျန်ရစ်တဲ့လသားအရွယ်ကလေးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    လိုင်ဇာမြို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်သွားတဲ့အတွက် စစ်ဘေးရှောင် ၂၉ ဦးနဲ့ ကလေးသူငယ်အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အရပ်သားပြည်သူ ၅၆ ဦးထဲက မိဘသေဆုံးသွားလို့ ကျန်ရစ်ခဲ့တဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။ “ခုအဲတစ်လသားလေးက သူ့အဒေါ်ရဲ့နို့စို့နေရတာ သူ့အဒေါ်ကလည်း ဒီရက်ပိုင်းဘဲမီးဖွား ထားတော့ သူ့အဒေါ်နို့စို့နေတယ်။လောလောဆယ်တော့ အဲလိုဖြေရှင်းနေရတယ်။အဓိကတော့ ကလေးတွေအတွက် နို့ဗူးတွေ ပြီးတော့ လသားအရွယ်ရဲ့အထက်က ၂ ယောက် ရှိတယ်။ အဲဒီ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။အဲတော့ကလေးတွေအတွက် လိုအပ်တာတော့အများကြီးရှိတယ်။သူတို့အမေက သူတို့ကိုကွယ်ပေးရင်း ပွဲချင်းပြီးသေဆုံးသွားတာ”လို့ ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သား ၃ ဦးဟာ အသက် ၉ နှစ်အရွယ်တစ်ဦးနဲ့၊အသက် ၄ နှစ်အရွယ် တစ်ဦး၊တစ်လသားအရွယ်တစ်ဦးအပြင် နောက်ထပ်ကလေးသူငယ် ၄ ဦးကတော့ မိဘတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီထဲက အသက် ၄ နှစ်အရွယ်တစ်ဦးက လက်တစ်ဖက်ကျိုးထားတယ်လို့ သိရပြီး အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်နေကာ လက်ရှိဆေးရုံမှာဆေးကုနေသူ ကလေးသူငယ် စုစုပေါင်း ၇ ဦးအထိရှိတယ်လို့ သူက ဆက်ပြောပါတယ်။ “လသားအရွယ်က သူ့အမေရဲ့ခန္ဓာကိုယ်အောက်မှာဖွက်ထားသလိုဖြစ်နေတော့ ဘာမဖြစ်ဘူး။ သားအလတ်ဖြစ်တဲ့ ၄ နှစ်အရွယ်က လက်တစ်ဖက်ကျိုးထားတယ်။ သူတို့အိမ်ကတော့ တစ်စစီဖြစ်သွားပြီ အဲကလေးတွေကို ဘယ်လိုပြောရမလဲ မာတဲ့ဟာတစ်ခုခုက ကာထားလို့အသက်ရှင်တာ”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။ မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို ၃ ဦးမှာအဖေရှိတယ်လို့ သိရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လို့မရသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်ည လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ “ဖြစ်နိုင်ရင် အဲငြင်းနေတဲ့စစ်တပ်က လာကြည့်ပါလို့ဘဲပြောချင်တယ်။ ကျနော်တို့ ထမင်စားတဲသူတွေပါ လက်နက်ကြီးရဲအားက ဒီလောက်ထိမပြင်းဘူးဆိုတာ ကျနော်တို့သိတယ်။ ပြီးတော့ တစ်ချို့ကပြောကြတယ် လေယာဉ်သံမကြားဘူး ဘယ်ကြားမလဲ ညသန်းခေါင်လေ လူတွေအိပ်မောကျနေချိန် ခုအသက်ရှင်ကျန်နေတဲ့သူတွေထဲမှာ လေယာဉ်သံကြားတယ်လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်”လို့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ ငြင်းဆိုမှုဟာ မမှန်ကန်ကြောင်းနဲ့ ဒါဟာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

    Read More »
  • 10 October
    သတင်း

    မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုမှာ ၂၉ ဦးသေဆုံးပြီး ၅၇ ယောက် ထိခိုက်ကြောင်း KIO ထုတ်ပြန်

    စစ်ကောင်စီက လိုင်ဇာ မုန်လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ယောက် ပြင်းထန်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကိုတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး KIA ဘက်ကတော့ မည်သည့်လက်နက်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူကတော့ “လေယာဉ်သံတော့ မကြားရဘူးဆိုပေမယ့် တိုက်ခိုက်ခံရတဲ့…

    Read More »
  • 10 October
    သတင်း

    လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိ

    KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီအချိန် စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်နေ စစ်တပ်သုံးလေယာဉ်နဲ့…

    Read More »
Back to top button