မူဆယ်ခရိုင်

  • Nov- 2023 -
    1 November
    သတင်း

    ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီနောက်နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ စစ်တပ်က ဂျက်လေယာဉ် တစ်စီးနဲ့ ရဲစခန်းတဝိုက်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေသိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက် ၄ က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ ၄ ဦးမှာ ထိသွားတယ်။” လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်တပ်လေယာဉ်နဲ့ဗုံးကြဲတာကြောင့်  ဒေသခံအမျိုးသား ၁ ဦး ၊ အမျိုးသမီး ၂ ဦး၊ ၇ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦးထိခိုကဒဏ်ရာရရှိခဲ့ပါတယ်။  ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့တွေဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ လက်ရှိထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။  ဒေသခံတွေ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။ “ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့အဲ့ဒီစစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း။” လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အဲ့ဒီဒေသခံအမျိုးသားက ကချင်သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။ လက်ရှိမှာ ပန်ဆိုင်းမြို့က ဒေသခံပြည်သူအားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြတယ်လို့ ဆက်လက်သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ…

    Read More »
  • Aug- 2022 -
    1 August
    သတင်း

    မူဆယ်မှာ ဗုံးပေါက်ကွဲသဖြင့် ယာဉ်ထိန်း အပါ ၃ဦး ထိခိုက်မှုရှိ

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ပေါ် နာရီစင် မီးပွိုင့်အနီး ရဲကင်းအနီးတွင် ယနေ့ ဩဂုတ် ၁ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်က ဗုံးပေါက်ကွဲသဖြင့် ပြည်သူ့စစ် ၁ ဦး၊ ယာဉ်ထိန်းရဲ ၁ ဦး…

    Read More »
  • Jun- 2022 -
    1 June
    သတင်း

    နမ့်ခေါင်တောင်အနီး စစ်ကောင်စီတပ်နဲ့ KIA၊ MNDAA ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသ၊ နမ့်ခေါင်တောင်ကြောအနီးတွင် စစ်ကောင်စီတပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့ တို့အကြား ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစကာ လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်‌နေကြောင်း သတင်းရရှိပါသည်။…

    Read More »
Back to top button