သတင်း

ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည  နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီနောက်နိုဝင်ဘာလ  ရက် ဒီနေ့မနက်  နာရီမှာတော့ စစ်တပ်က ဂျက်လေယာဉ် တစ်စီးနဲ့ ရဲစခန်းတဝိုက်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေသိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက်  နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက်  က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ  ဦးမှာ ထိသွားတယ်။ လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်လေယာဉ်နဲ့ဗုံးကြဲတာကြောင့်  ဒေသခံအမျိုးသား  ဦး  အမျိုးသမီး  ဦး၊  နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း  ဦးထိခိုကဒဏ်ရာရရှိခဲ့ပါတယ်။ 

ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA  တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့တွေဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

လက်ရှိထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။ 

ဒေသခံတွေ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။

ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့အဲ့ဒီစစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း။ လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အဲ့ဒီဒေသခံအမျိုးသားက ကချင်သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။

လက်ရှိမှာ ပန်ဆိုင်းမြို့က ဒေသခံပြည်သူအားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြတယ်လို့ ဆက်လက်သိရပါတယ်။

ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီကနေ့ဆို ၆ ရက်မြောက်ရှိလာပြီဖြစ်ပြီး ရှမ်းမြောက်မှာရှိတဲ့ ချင်းရွှေဟော်နဲ့ဖောင်းဆိုင်ဒေသကို ညီနောင်မဟာမိတ်တပ်ကအပြီးသတ်သိမ်းထားနိုင်သလို သိန္နီမြို့ကိုလည်းထိန်းချုပ်ထား နိုင်ဆဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့လက်အောက်ခံ ရဲစခန်း ၈၀ ဝန်းကျင်ကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကသိမ်းယူထားနိုင်သလို စစ်ဆေးရေး ၆ ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ပွဲဝင်နေကြဆဲလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button