သတင်း

နမ့်ခေါင်တောင်အနီး စစ်ကောင်စီတပ်နဲ့ KIA၊ MNDAA ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသ၊ နမ့်ခေါင်တောင်ကြောအနီးတွင် စစ်ကောင်စီတပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့ တို့အကြား ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစကာ လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်‌နေကြောင်း သတင်းရရှိပါသည်။

“ကိုးကန့်နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ ပေါင်းတယ်။ နမ့်ခေါင်ဘက်က ရွာတွေဘက်ပဲ။ စစ်တပ်ဘက်က တပ်မ ၉၉ အင်အား ၁၅၀ ခန့် ရှိမယ်။”ဟု အမည်မဖော်လိုသည့် ရှေ့တန်းရင်းမြစ်နှင့်နီးစပ်သူတစ်ဦးက KNG သတင်းဌာနကိုပြောပါသည်။

လက်ရှိချိန်ထိ လက်နက်ကြီးသံနှင့် ပစ်ခတ်သံများကြားရနေရသည့်အပြင် ယမန်နေ့ မေလ ၃၁ ရက်နေ့ည‌နေ ၃နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA,MNDAA တို့အကြား တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် မိုင်ဖန်ရွာဘက်မှ လက်နက်ကြီးများဖြင့်လည်းပစ်ကူခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

“မိုင်ဖန်ရွာက လက်နက်ကြီးပစ်ကူတာ ၅ ချက်၊ ၆ ချက်ရှိမယ် ပြီးတော့ မူဆယ် ၁၀၅ မိုင်ဘက်ကရောအမြှောက်တပ်ကနေ လက်နက်ကြီး ၅ ကြိမ်ခန့် တိုက်ပွဲဖြစ်တဲ့ဘက်ကို ပစ်ကူခဲ့တယ်” လို့ ဒေသခံ ၁ ဦးက ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်မှဒေသခံ ပြည်သူတွေအနေဖြင့် တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြပြီး ယာခင်း၊ ခြံသို့ အလုပ်သွားရောက်အလုပ်လုပ်ကိုင်ရန်အခက်ခဲကြုံနေကြရကြောင်း ဒေသခံများက ပြောသည်။

မုံးပေါ်ဒေသမှာ ၂၀၂၂ ခုနှစ်လနှစ်ဆန်းပိုင်းကစ ကာ စစ်ကောင်စီနဲ့ KIA, MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်။

၎င်း ဒေသတွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ KIA, ကိုးကန့် MNDAA, မြောက်ပိုင်း မဟာမိတ် ညီနောင်ဆို့ လှုပ်ရှား သွားလာရာနေရာဖြစ်သည်။

Show More

Related Articles

Back to top button