မေခမြစ်

  • Jan- 2026 -
    16 January
    သတင်း

    မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့နဲ့ မြစ်ဆုံဒေသကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေတောင်းဆို

    မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။ မြန်မာပြည်ရဲ့အသက်သွေးကြောလို့ဆိုရမယ့် မေခမြစ်နဲ့ မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံဒေသဟာ သဘာ၀အလျောက်ထိန်းသိမ်းထားသင့်တဲ့နေရာဖြစ်သလို သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ပျောက်ကွယ်မသွားဖို့သက်ဆိုင်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အနေနဲ့ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေတာဖြစ်ပါတယ်။  “မလိခနဲ့အင်မိုင်ခဆိုတာ အခြားမြစ်တွေနဲ့မတူဘူး အရမ်းကြောက်စရာကောင်းတယ်။  ရေအားအရမ်းပြင်းတဲ့မြစ်တွေဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လုံး၀ရေကာတာဆောက်လို့ မဖြစ်ပါဘူး။ အန္တရာယ်ကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ရေကာတာမဆောက်လုပ်ဖို့ အစိုးရအနေနဲ့ရော သက်ဆိုင်ရာကိုပြောပေးဖို့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဒါကို ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာကို ပြောပေးဖို့၊တောင်းဆိုပေးဖို့ ဆန္ဒပြုချင်တာဟုတ်တယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာလည်း အင်အား ၆၀ ကျော်နဲ့ ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  ကချင်ပြည်နယ်နေ့မှာ အဲဒီလိုလှုပ်ရှားမှုပြုလုပ်ရခြင်းရဲ့ ရည်ရွက်ချက်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဝိုင်းဝန်းတားဆီးပေးဖို့ အဓိကတောင်းဆိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။  အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO ဘက်ကလည်း တားဆီးပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။  “တစ်ခါငြိမ်သက်သွားပြီဆိုတဲ့အရာက ပြန်ရှင်လာပြီး ကျနော်တို့ကို စိတ်ဒုက္ခပြန်ပေးနေတာကြောင့် စိတ်ထိခိုက်နေတာတွေရှိတယ်။ တစ်ခုက ဒီမြစ်ဆုံရေကာတာစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်သွားကြရမှာဖြစ်တယ်။ ကျနော်တို့ပဲ အားမရှိတာကြောင့် ဒီနေ့တာဝန်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရ-KIO တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ လျှပ်စစ်စွမ်းအင်မလုံလောက်တဲ့အကြောင်းပြချက်တဲ့ တရုတ်အစိုးရဆီ မြစ်ဆုံကိုရောင်းလိုက်ဖို့ ကြံရွယ်နေပြီး ကန့်ကွက်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။  မြစ်ဆုံရေကာတာစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ အဓိကခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်တစ်ပြည်လုံးကို သက်ရောက်မှုရှိနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို လူထုနဲ့ရပ်တည်ကာ NUG အစိုးရကလည်း တားဆီးသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။  မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အစားထိုးမရအောင်ကြီးမားနေတဲ့အပြင် ဆည်မြောင်းနဲ့နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာ၀တီတိုင်းကလယ်ယာမြေတွေ မြေဆီလွှာပျက်စီးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။…

    Read More »
  • Jun- 2025 -
    25 June
    သတင်း

    မေခမြစ်မှာ ပုပ်ပွနေတဲ့ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

    ချီဖွေမြို့ မေခမြစ်မှာ ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။ ဇွန်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်းကပုပ်ပွဲပြီး ရုပ်ပျက်နေပြီဖြစ်တဲ့အတွက် မည်သူမည်ဝါဆိုတာ မသိနိုင်တော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အင်္ကျီလည်းမပါတော့ဘူး…

    Read More »
  • May- 2025 -
    31 May
    သတင်း

    ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်

    ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ချီဖွေ၊ပန်ဝါ၊ဆော့လော်၊လန်ဆယ်၊ခေါင်လန်ဖူး၊ပူတာအိုဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေတာ တစ်ပတ်ကျော်ကြာလာချိန် မေခမြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတာဖြစ်ပါတယ်။ မေလ ၃၀ ရက်ညအထိ မြို့ထဲရေဝင်ရောက်တာမရှိသေးပေမယ့် မေလ ၃၁…

    Read More »
  • Feb- 2024 -
    12 February
    သတင်း

    မေခမြစ်အထက်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတစ်ဖက်ကမ်း မေခမြစ်အထက် မယ်တော်ဂူအနောက်ဘက် ၁ မိုင်အကွာသဲသောင်ပြင်တစ်နေရာမှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးဟာ  ဖေဖော်ဝါရီလ ၉ ရက်နေ့ တန်ဖရဲရွာ နေအိမ်တစ်အိမ်မှာလာရောက်တည်းခိုနေတဲ့ ဗမာတိုင်းရင်းသားတစ်ဦးကို သူမတို့လုပ်ကိုင်နေတဲ့ ခဘာရွှေမှော်ဘက်…

    Read More »
  • Sep- 2023 -
    15 September
    သတင်းဆောင်းပါး

    ပြန်လည် လှုပ်နိုးလာသည့် မြစ်ဆုံစီမံကိန်း

    မြန်မာပြည်မြောက်ဖျားပိုင်း မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်အစမှာ တရုတ်ရင်းနှီးမြုပ်နှံမှု ရေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်သည့် “မြစ်ဆုံ” စီမံကိန်းရပ်နားခဲ့သည်မှာ ဆယ်စုနှစ် တစ်စု ကျော်လာ ခဲ့ပြီ  ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ရပ်နားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ…

    Read More »
Back to top button