သတင်း

မေခမြစ်အထက်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတစ်ဖက်ကမ်း မေခမြစ်အထက် မယ်တော်ဂူအနောက်ဘက် ၁ မိုင်အကွာသဲသောင်ပြင်တစ်နေရာမှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးဟာ  ဖေဖော်ဝါရီလ ၉ ရက်နေ့ တန်ဖရဲရွာ နေအိမ်တစ်အိမ်မှာလာရောက်တည်းခိုနေတဲ့ ဗမာတိုင်းရင်းသားတစ်ဦးကို သူမတို့လုပ်ကိုင်နေတဲ့ ခဘာရွှေမှော်ဘက် ကျင်းသားလုပ်ဖို့ လာရောက်ခေါ်ယူပြီး မှော်ဘက်ထွက်သွားရာကနေ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကျင်းသား အသစ်လာခေါ်ပြီးသွားလိုက်တာ မနက်ကတည်းက သူယောကျာ်းကိုပြောတာ မင်းမိန်းမ ကျင်းသားခေါ်ပြီးသွားလိုက်ပြီ မရောက်လာလာသေးဘူးလားမေးတော့ အားလုံးအံ့ဩပြီး လိုက်ရှာတော့ သဲသောင်ပြင်မှာ ခုလိုသတ်ပြီးမြှုပ်ထားတာကိုတွေ့တာတဲ့လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူဟာ မြစ်ဆုံအနီး အာလမ့်ကျေးရွာဒေသခံ အသက် ၅၅ နှစ်ဝန်းကျင်အရွယ် အင်ခရိုင် ဂျာဘရင့်( Nhkrai Ja Brim) ဆိုသူဖြစ်ပြီး ခဘာရွှေမော်မှာ ကျင်းသားလုပ်ဖို့အတွက် ခေါ်သွားတဲ့သူက အသက် ၃၀ ဝန်းကျင်အရွယ်  ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ကာ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ကတည်းက ထွက်သွားတာလို့ သိရပါတယ်။

ဒါပေမယ့် ညနေအထိမှော်ဘက်ကို ရောက်မလာတဲ့အတွက် မိသားစုဝင်များက လိုက်လံရှာဖွေရှာမှာတော့ ဖေဖော်ဝါရီလ ၉ရက် ညနေပိုင်း ၂နာရီဝန်းကျင်လောက်မှာ မြစ်ဆုံမယ်တော်ဂူအနောက်ဖက် တစ်မိုင်အကွာ ခဘာရွှေမှော်သွားတဲ့လမ်း သဲသောင်ပြင်မှာ သတ်ဖြတ်မြုပ်နှံ ထားတာကို မိသားစုဝင်များက တွေ့ရှိခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးကခုလိုပြောပါတယ်။

ကျောက်စိမ်း နားကပ်ကပ်ထားတာကိုလည်း နားကိုလှီးပြီးယူသွားတယ်။ ပြီးတော့ ခေါင်းကိုရောဓားနဲ့ခုတ်ထားတယ်။ ခန္ဓာကိုယ်တစ်ဝက်ကို မြုပ်ပြီး အပေါ်ပိုင်းကခေါင်းရော လက်ရောပေါ် ထားတယ်ပြောတယ်လို့သူမကဆိုပါတယ်။

သံသယရှိသူ အမျိုးသားကတော့ အရင်ကလည်း တခြားရွှေမှော်တွေမှာ ခိုးဆိုးလုနှိုက် အမှုတွေရဲ့ သံသယရှိသူလည်း ဖြစ်ခဲ့ဖူးသူဖြစ်ပြီး တန်ဖရဲရွာက အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ ရွှေကျင်းမှာကျင်းသားလုပ်ချင်တယ်ဆိုပြီး နေထိုင်နေသူ ဖြစ်တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

လက်ရှိမှာတော့ သံသယရှိသူ အမျိုသားအပါအဝင် သေဆုံးသူရဲ့ ပိုက်ဆံလေးသိန်း ၊ရွှေအနည်းငယ်နဲ့ ကျောက်စိမ်းနားကပ်လည်း ပျောက်ဆုံးနေတယ်လို့ သိရပြီး မိသားစုဝင်တွေနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပေမယ့်တွေ့ရှိခြင်းတော့မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့ ညနေပိုင်းကနေ အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ယောက်ကနေ အသားညိုညိုထောင်ထောင် မောင်းမောင်း လူလေးယောက်က ကားတစ်စီးအပါ ငွေသားသိန်း ၈၀ကျော်ကို ဓားပြတိုက်ခံရပြီး ယနေ့ထိ တရားခံရှာမတွေ့ သေးတာဘဲ ဖြစ်ပါတယ်။

By- Hope

Show More

Related Articles

Back to top button