မံစီ

  • Jul- 2024 -
    25 July
    သတင်း

    မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA…

    Read More »
  • 24 July
    သတင်း

    မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်

    တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ မှာ  တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ “ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပါတယ်။ ဒီကနေ့ကပြီး မိုးမောက် ၄၃၇ ရှိတဲ့ ဘက်ကို တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလို့ သတင်းရပါတယ်။ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတော့ ခြေအနေ သေးစိတ်ကို သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့တာဖြစ်ပေမယ့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တဖန်ထိုးစစ်ဆင် တိုက်ခိုက်လာ နေတာဖြစ်ပါတယ်။ တိုက်ပွဲပြန်လည်ဖြစ်နေပေမယ့် ကချင်တစ်ပြည်နယ်လုံးအဆင့် ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရဖို့ ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။ ကချင်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲနေရာနဲ့ နီးတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်နေကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။ “တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာတော့ သေချာတော့ မသိရဘူး ပြောလို့လဲမရဘူး ။ ကချင်ပြည်နယ်ထဲမှာ ဖုန်းအင်တာနက်အားလုံးပိတ်သွားတယ်။ စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်”လို့ပြောပါတယ်။ အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့နေရာ ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေ ပြောပါတယ်။…

    Read More »
  • 16 July
    သတင်း

    ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်

    မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား

    ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကနေ…

    Read More »
  • 17 June
    သတင်း

    ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ

    နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • May- 2024 -
    27 May
    သတင်း

    မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့…

    Read More »
  • 20 May
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး

    တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။ 

    Read More »
  • 9 May
    သတင်း

    ဗန်းမော်မှာထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမောက် နဲ့ မံစီ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

    ဗန်းမော်ခရိုင် မိုးမောက်၊ မံစီနဲ့ ဗန်းမော် မြို့နယ် ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဗန်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးအပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့တွင်း ယာယီစစ်ရှောင်စခန်းတွေမှာခိုလှုံနေကြရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။ “အကုန်လုံးက ကစဉ့်ကလျား ထွက်ပြေးလာခဲ့ရတဲ့ အတွက် သူတို့မှာ ဘာမှ မယူလာခဲ့ရဘူး၊ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား တွေကအစ၊ သောက်ရေတွေ၊ အိုးခွက် ပန်းကန်တွေ လူတွေလည်း အရမ်းများလာတော့လေ၊ ဖျားနာတဲ့သူတွေလည်း ရှိတော့ ဆေးတွေလည်း လိုအပ်နေတယ်၊ အမျိုးသမီးအသုံးအဆောင်က အစပေါ့နော်” လို့ပြောပါတယ်။ မိုးမောက်၊မံစီဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းသာမက ဗန်းမော်မြို့တွင်း ရပ်ကွက်မှာရှိတဲ့ ဆွေမျိုး၊ အသိမိတ်ဆွေတွေမှာ လာရောက်ခိုလှုံနေတဲ့သူတွေ ရှိသလို နီးစပ်ရာတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ချိန် မိုးမောက်မြို့အထွက်မှာ စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် တောလမ်းဘက်ကနေ ထွက်ပြေးခဲ့ရတာကြောင့် ကိုယ်လွတ်ရုန်းထွက်ခဲ့ကြရတာဖြစ်ပြီး လမ်းပိုင်းမှာကားပျက်သွားတဲ့အတွက်ရောက်မလာသေးတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။ “တိုက်ပွဲက ၅ နာရီလောက်မှာ စဖြစ်တော့ ကျွန်မတို့လည်း နည်းနည်းပါးပါးပြင်ဆင်ပြီး ထွက်ပြေးခဲ့ရတာပေါ့၊ မိုးမောက်မြို့ အထွက်မှာ ပိတ်ထားတော့ ကျွန်မတို့ တောလမ်းဘက်ကနေ ထော်လာဂျီလာခဲ့ကြတာ၊ ကားတစ်စီးက လမ်းမှာ ပျက်သွားတော့ ကျန်ခဲ့ရတယ်၊ တောလမ်းဆိုတော့ လမ်းမှာလည်း ရွံ့တွေနဲ့ လေယာဉ်တွေလည်း ကြောက်ရတာနဲ့ ကျွန်မတို့ လမ်းမှာ ၅ နာရီလောက်တော့ ကြာခဲ့တာပေါ့”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့တွင်း စစ်ရှောင် အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀၀ ကျော်ရှိပြီးတော့ အဲ့ဒီစစ်ရှောင်တွေဟာ မိုးမောက်မြို့ ၊ အလင်းကောင် ၊ခါနန် ၊ကြေးနန်း ၊မံပုံ၊ ကျောက်စခန်း ၊ပီမိုးညှင်း ၊လုံဂျာ ၊မာ့ ခွိုင် ၊မင်းကျမ်း ၊စီဟက်၊ကုန်းလော ၊နောင်ပေါင်း ၊မံခွန် နှင့် ဗန်းမော်မြို့ စင်းခန်း ၊ကေါင်းတုံ ၊စီဟဲ ကမ္ဘားနီ စတဲ့ ရပ်ကွက်/ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။  ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မေလ ၇ ရက်နေ့မှာ စင်းခန်းရွာထဲမှာ အထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိ မိုးမောက်၊မံစီမြိုတို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ တိုက်ပွဲဟာ ဗန်းမော်မြို့နဲ့ ၄ မိုင်အကွာလောက်မှာရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်စိတ်နဲ့ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာထောက်ပံ့ပေးကြဖို့ကိုလည်း စစ်ဘေးရှောင်ကူညီနေသူတွေက တောင်းဆိုနေကြပါတယ်။ By – Bu Bu

    Read More »
  • 9 May
    သတင်း

    မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး

    ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်က မြို့တွင်းမှာရှိတဲ့ စစ်သားတွေကိုတော့ ရှင်းလင်းနိုင်သလောက်ရှိသွားပြီ။ အခုက ၄၃၇ တပ်ရင်းထဲမှာရှိနေသေးတာကြောင့် တိုက်ပွဲက ရပ်မသွားဘူးဆက်ဖြစ်နေသေးတယ်။ ဒီမနက်က ကြံခင်းရှိတဲ့ ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုးမောက်မြို့တွင်းရပ်ကွက် လူနေအိမ်တစ်ချို့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းတွေမှာ လက်နက်ကြီးတွေအထိုင်ချထားပြီး နေရာယူထားတာကြောင့် KIA တပ်တွေက ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့တွင်းနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းလိုက်နိုင်ပြီး ကျန်ရှိနေသေးတဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ၃ ရက်မြောက်ကြာတဲ့အထိ တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ အလားတူ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ကာကင်းတပ်စခန်းအကြီးဖြစ်တဲ့ ဝလောင်လ(Walawng La)တပ်စခန်းကို KIA က သိမ်းပိုက်ထားနိုင်ပြီး မတ်လ ၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ တပ်စခန်းတစ်ခုလုံးရှင်းလင်းရေးဆောင်ရွက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “မံစီက မြို့ပြင်အနီးကုန်းက အဓိက အရေးပါတဲ့ ကာကင်းတပ်စခန်းကြီးကို သိမ်းပိုက်ထားပြီ။ သိမ်းပိုက်ထားနိုင်လို့ ဒီကနေ့ မနက်က ရှင်းလင်းရေးလုပ်ဆောင်နေတယ်။ အခုက တပ်စခန်းအကြီးတွေဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကိုတော့ KIA က သွားပစ်တာမရှိသေးဘူး”လို့ပြောပါတယ်။ KIA တပ်ဘက်က မံစီမြို့ကို ထိန်းချုပ်ထားတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ မံစီမြို့တွင်းတပ် ခမရ ၆၀၁ တပ်ရင်းနဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို သွားရောက်ပစ်ခတ်တာမရှိသေးဘူးလို့ဆိုပါတယ်။ ခုလို KIA ဘက်က မံစီမြို့မှာရှိတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးမောက်နဲ့ မံစီမြို့  ၂ ခုစလုံးဟာ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ထိခိုက်ပျက်စီးတာတွေ၊ ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတာတွေလည်းရှိနေပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေနေအသေးစိတ်ကို ဆက်သွယ်မေမြန်းဖို့ ခက်ခဲဖြစ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မြို့တွင်းတိုက်ပွဲဟာ ဗန်းမောက်မြို့ပေါ်ဘက်ကို ဦးတည်လာနေပြီး ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာသာ တိုက်ပွဲရောက်ရှိလာနေတာကြောင့် ဗန်းမော်မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဗန်မော်ဒေသခံတွေက မေလ ၉ ရက်နေ့ ဒီနေ့ကစပြီး ရရာလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို အမြှောက်လက်နက်ကြီးတွေ မရပ်မနားပစ်နေတာ ခုတိုက်ပွဲဖြစ်တာကလည်း ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာပဲဖြစ်နေကြပြီ။ ကျနော်တို့ ပြည်သူတွေ အချင်းအချင်းတောင်မတွေ့ဖြစ်ကြတော့ဘူး။ တောလမ်းနဲ့ ရရာအကုန်ထွက်ပြေးကြကုန်ပြီ”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီ မြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်လောက်ကြာမြင့်လာပြီလို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက မိုးမောက်နဲ့ မံစီမြို့တွင်းနေရာတွေမှာတင်မဟုတ်ဘဲ ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာတင် ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဗန်းမော်ဒေသခံတွေက ရရာလမ်းနဲ့ ထွက်ပြေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 7 May
    သတင်း

    မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ

    ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA…

    Read More »
Back to top button