စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်မှာထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမောက် နဲ့ မံစီ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

ဗန်းမော်ခရိုင် မိုးမောက်၊ မံစီနဲ့ ဗန်းမော် မြို့နယ်  ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဗန်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးအပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

မေလ  ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA  ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ်  ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့တွင်း ယာယီစစ်ရှောင်စခန်းတွေမှာခိုလှုံနေကြရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

အကုန်လုံးက ကစဉ့်ကလျား ထွက်ပြေးလာခဲ့ရတဲ့ အတွက် သူတို့မှာ ဘာမှ မယူလာခဲ့ရဘူး၊ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား တွေကအစ၊ သောက်ရေတွေ၊ အိုးခွက် ပန်းကန်တွေ လူတွေလည်း အရမ်းများလာတော့လေ၊ ဖျားနာတဲ့သူတွေလည်း ရှိတော့ ဆေးတွေလည်း လိုအပ်နေတယ်၊ အမျိုးသမီးအသုံးအဆောင်က အစပေါ့နော်” လို့ပြောပါတယ်။

မိုးမောက်၊မံစီဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းသာမက ဗန်းမော်မြို့တွင်း ရပ်ကွက်မှာရှိတဲ့ ဆွေမျိုး၊ အသိမိတ်ဆွေတွေမှာ လာရောက်ခိုလှုံနေတဲ့သူတွေ ရှိသလို နီးစပ်ရာတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ချိန် မိုးမောက်မြို့အထွက်မှာ စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် တောလမ်းဘက်ကနေ ထွက်ပြေးခဲ့ရတာကြောင့် ကိုယ်လွတ်ရုန်းထွက်ခဲ့ကြရတာဖြစ်ပြီး လမ်းပိုင်းမှာကားပျက်သွားတဲ့အတွက်ရောက်မလာသေးတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

တိုက်ပွဲက  နာရီလောက်မှာ စဖြစ်တော့ ကျွန်မတို့လည်း နည်းနည်းပါးပါးပြင်ဆင်ပြီး ထွက်ပြေးခဲ့ရတာပေါ့၊ မိုးမောက်မြို့ အထွက်မှာ ပိတ်ထားတော့ ကျွန်မတို့ တောလမ်းဘက်ကနေ ထော်လာဂျီလာခဲ့ကြတာ၊ ကားတစ်စီးက လမ်းမှာ ပျက်သွားတော့ ကျန်ခဲ့ရတယ်၊ တောလမ်းဆိုတော့ လမ်းမှာလည်း ရွံ့တွေနဲ့ လေယာဉ်တွေလည်း ကြောက်ရတာနဲ့ ကျွန်မတို့ လမ်းမှာ  နာရီလောက်တော့ ကြာခဲ့တာပေါ့လို့ပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့တွင်း စစ်ရှောင် အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀၀ ကျော်ရှိပြီးတော့ အဲ့ဒီစစ်ရှောင်တွေဟာ မိုးမောက်မြို့  အလင်းကောင် ၊ခါနန် ၊ကြေးနန်း ၊မံပုံ၊ ကျောက်စခန်း ၊ပီမိုးညှင်း ၊လုံဂျာ ၊မာ့ ခွိုင် ၊မင်းကျမ်း ၊စီဟက်၊ကုန်းလော ၊နောင်ပေါင်း ၊မံခွန် နှင့် ဗန်းမော်မြို့ စင်းခန်း ၊ကေါင်းတုံ ၊စီဟဲ ကမ္ဘားနီ စတဲ့ ရပ်ကွက်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မေလ  ရက်နေ့မှာ စင်းခန်းရွာထဲမှာ အထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိ မိုးမောက်၊မံစီမြိုတို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ တိုက်ပွဲဟာ ဗန်းမော်မြို့နဲ့  မိုင်အကွာလောက်မှာရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်စိတ်နဲ့ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာထောက်ပံ့ပေးကြဖို့ကိုလည်း စစ်ဘေးရှောင်ကူညီနေသူတွေက တောင်းဆိုနေကြပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button