လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး

ဗန်းမော်ခရိုင် မိုးမောက်မြို့နဲ့မံစီမြို့တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းအပြင်းအထန်အသုံးပြုတာကြောင့် စျေးအပါအဝင် လူနေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။

တိုက်ပွဲကာလ ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့နှစ်ဖက်တပ်အပြန်လှန်ပစ်ခတ်တာတွေကြောင့် မိုးမောက်မြို့ထဲမှာ လူနေအိမ်နဲ့ အဆောက်အဦး ၂၀၀ ဝန်းကျင် ပျက်စီးသွားပြီဖြစ်ပြီး မံစီမြို့မှာတော့ လူနေအိမ် ၅၀ ထက်မနည်းထိခိုက်ပျက်စီးရာ ၂၀ ကျော်တော့ မီးလောင်ဆုံးရှုံးသွားပြီလို့ ဆိုပါတယ်။

 ပျက်စီးသွားတာနဲ့ မီးလောင်သွားတာနဲ့ ပျောက်သွားတာနဲ့ အားလုံးပါပဲ မကျန်တော့ဘူး။ ကျနော်တို့လည်း အသေးစိတ်တော့သွားမကြည့်နိုင်တော့အတိအကျမသိဘူး။ ဒါပေမဲ့ ပေါ်ယံ ခန့်မှန်းချက်က ၃၀ နဲ့ ၅၀ ကြားပျက်စီးသွားပြီ။ အဲမှာ မီးလောင်သွားတာက ၂၀ လောက်ရှိမယ်။ တိုက်ပွဲငြိမ်လည်း မြို့ထဲခဏမှ ပြန်လို့မရဘူး။ စစ်တပ်က လေယာဉ်နဲ့ နေ့တိုင်းပစ်နေတော့လေ။ လို့ မံစီဒေသခံတစ်ဦး ကပြောပါတယ်။

မိုးမောက်မြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များ

မံစီမြို့ရှိ စစ်ကောင်စီတပ် ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တပ်စခန်းတွေကို မေလ ၁၇ ရက်နေ့ မနက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်တာ မေလ ၁၈ ရက်နေ့အထိ  ရက်တာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။ 

အလားတူ မိုးမောက်ဘက်လည်း စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်စခန်း တိုက်ခိုက်ခံနေရပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။  

တိုက်ပွဲအတွင်း မိုးမောက်မြို့မှာတော့ အိမ်ခြေ ၂၀၀ ဝန်းကျင်ထိခိုက် ပျက်စီးသွားပြီဖြစ်ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားကာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ မြို့မစျေး အားလုံး မီးထဲပါသွားပြီလို့ မိုးမောက်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

မိုးမောက်မြင်ကွင်းက တိုက်ပွဲစဖြစ်ကတည်းက လမ်းမဘေးတစ်လျှောက်လုံး အိမ်တွေအများကြီး ထိခိုက်ပျက်စီးသွားပြီ။ အထက်ဘက်တော့ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတာတွေ၊  မိုးမောက်မြို့မစျေး ပတ်ဝန်းကျင်အားလုံးက မီးလောင်သွားပြီ။ တိုက်ပွဲစဖြစ်ကတည်းက ဒီနေ့ထိ နေအိမ် စုစုပေါင်း ၂၀၀ ဝန်းကျင်တော့ရှိမယ် ခန့်ခန်းရသလောက်ပေါ့။” လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

မေလ  ရက်နေ့ကစပြီး မိုးမောက်မြို့နဲ့မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိုးမောက်မြို့က ရဲစခန်းနဲ့ စစ်တပ်ရှေ့တန်းလုံခြုံရေးစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို မံစီဘက်လည်း ၀လောင်လစစ်တပ် ကာကင်းစခန်းနဲ့ မြို့တွင်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဗန်းမော် – မိုးမောက်နဲ့ ဗန်းမော် – မံစီကြားက စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဗန်းမော်မြို့ကို ဦးတည်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်မှုအောက်မှာ စစ်ကောင်စီဘက်ကတော့ ဗန်းမော်လက်မလွတ်ရေးအပြင်းအထန် ခုခံနေတာဖြစ်ပြီး လေကြောင်းနဲ့ ဒရုန်းအဓိကအသုံးပြုခုခံတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

မံစီ ၃၁၉  ၆၀၁ တပ်စခန်းတွေဘက် ဆက်ဘက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ စစ်တပ်က လေကြောင်းအပြင်းအထန်အသုံးပြုပြီး ဒရုန်းတွေလည်း အသုံးပြုတယ်။ စစ်တပ်က တိုက်ပွဲဖြစ်လည်း မဖြစ်လည်း လေယာဉ်နဲ့ပစ်နေတော့ လေကြောင်းပဲ တော်တော်အားစိုက်နေတယ်။” လို့  ဗိုလ်မှူးကြီနော်ဘူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်ကရော KIA ဘက်ကရော နှစ်ဖက်ထိခိုက်ကျဆုံးမှု များတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရပ်သားထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ သိရပေမဲ့ အတိအကျတော့ မသိရှိရသေးတာဖြစ်ပါတယ်။

ဗန်းမော်မြို့မှာတော့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေအားလုံးတော့ ထွက်ပြေးပြီ။  သုံးပုံ  ပုံတော့ ရှောင်ကုန်ပြီ ပြောတယ်။ အိမ်စောင့်လောက် အမျိုးသားတွေကျန်ခဲ့တာတွေရှိတယ် ကြားတယ်။ လမ်းပိတ်ပြီး ပိတ်မိတာတွေတော့မရှိဘူး။ တိုက်ပွဲသတင်းပုံမှန်နားထောင်ပြီး ကိုယ်လုံခြုံမယ့်နေရာတွေဆီ ပြင်ဆင်ထားတာတွေလုပ်ထားရမယ်။ မဟုတ်ရင်တော့ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ဒုက္ခရောက်မယ်။ ကိုယ့်အိမ်က အိုးအိမ်ပစ္စည်းတွေ သိမ်းနိုင်သလောက်သိမ်းပြီး လုံခြုံမယ့်နေရာတွေဆီ ပို့ထားတာတို့၊ ပြင်ဆင်ထားတာတို့လုပ်ပြီး တိုက်ပွဲဖြစ်ရင်ရှောင်၊ သတိဝီရိယနဲ့ နေဖို့ အားလုံးကိုမှာချင်တယ်။” ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကဆက်ပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။ 

မိုးမောက်မြို့ကဒေသခံအများပိုင်းကတော့ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ၁၅ မိုင်(Chyahkan dap) ၁၇ မိုင်၊ Zaibru jang mare, ဆမ်ပါ၊ နောင်ချို၊ နောင်းပုံ၊ နွမ့်လန့် စတဲ့ လမ်းပိုင်းတစ်ကြောလုံးရှိ ကျေးရွာတွေမှာ တိမ်းရှောင်ခိုလှုံနေသူတွေများသလို တချို့ကတော့ မိုးကာတဲထိုးပြီး နမ့်ဖတ်ချောင်းဘေးတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။  

ဒါ့အပြင်  မံစီမြို့ဒေသခံအများပိုင်းဟာ မြို့နဲ့ ၁၀ မိုင်အကွာရှိ ကျေးရွာရပ်ကွက်တွေမှာ တစ်အိမ်မှာ  အိမ်ထောင်လောက်စုပြီး တိမ်းရှောင်နေကြရသလို အင်ဘာပါ၊ ဒိန်ဆင်းပါ ဘက်လည်း အများပိုင်း တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါပေမယ့် မေလ ၁၉ ရက်နေ့ ၂၀ ရက်နေ့မှာတော့  တိုက်ပွဲရပ်တန့်နေတယ်လို့ သိရပေမေယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကတော့ ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button