,
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ လ.ဝ.က ရုံးတွင် ယမန်နေ့ ညပိုင်း ၇ နာရီခန့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်မှ မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို လ.ဝ.က ရုံးအတွင်း စာရင်းပြုစုနေသည်ကို သတင်းရရှိသဖြင့် ဒေသကာကွယ်ရေးတပ်များစုပေါင်းကာ ယခုလို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က တာဝန်ရှိသူတစ်ဦးက ဆိုသည်။ "ကျနော်တို့ကြားတာက
စစ်ကိုင်းတိုင်း မြင်းမူမြို့ နယ်တွင် လက်နက်အင်အားမရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သောကြောင့် PDF တပ်ဖွဲ့ ၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ်သတင်းပေး ဒလံများကြောင့် Black Eagle Defense Force အမည်ရှိ အဆိုပါစခန်းကို မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့စဉ် ပြန်လည်ခုခံရန် လက်နက်အင်အား မရှိသည့်အတွက်