သတင်း

မြင်းမူမှာ စစ်ဘေးရှောင် ၄ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင် အမျိုးသား ၄ ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာ စစ်ကိုင်းမြို့နယ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြင်းမူမြို့နယ် ရွာတော်လေးရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့တာလို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ ရွာတော်လေးရွာကို ရုတ်တရက်ဝင်ရောက်လာတာ အဲ့မှာ မန္တလေး ငါန်းဇွန်ဘက်က နေ လာပြီး စစ်ရှောင်နေတဲ့ ပြည်သူအမျိုးသား ၄ယောက်ကို ပစ်သတ်ခဲ့တာဗျ ၁ ယောက်ကတော့ ဒဏ်ရာ ရ ထား တယ် ၄ယောက်သေတယ်ပေါ့လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသား ၄ ယောက်ဟာ ပြီးခဲ့တဲ့ဩဂုတ်လ  ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတဲ့အတွက် မြင်းမူမြို့နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အင်အား ၄၀ ကျော်လောက်ရှိပြီး ရွာတော်လေးရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက် ဆီး ခဲ့တဲ့အပြင် ဒေသခံ ၂ ယောက်ကိုလည်း ဖမ်းဆီးကာ မနေ့က မနက် ၉ နာရီလောက်မှာပဲ ဝမ်းပြည့်ရွာ ဘက်ကို စစ်ကြောင်း ပြန်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရွာတော်လေးရွာဟာ မြင်းမူမြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးကရွာတွေဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းတို့ အနီးက ရွာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေနဲ့ ပြည်သူ ကျဆုံးမှု ၃၉၀၀ကျော်ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြီးခဲ့တဲ့ ဩဂုတ်လ၁၀ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button