မြို့သိမ်းတိုက်ပွဲ

  • Apr- 2026 -
    17 April
    သတင်း

    ထီးချိုင့်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြစ်ကမ်းနဘေးကျေးရွာတွေအထိ ဝင်ရောက်လာ

    စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ကသာမြို့နယ်ကိုရောက်ရှိလာပြီလို့ ထွက်ပြေးနေရတဲ့ ကသာမြို့ကဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးသိရတဲ့အခြေနေအရ ဧပြီ ၁၆ ရက်နေ့မှာဘဲ…

    Read More »
  • 4 April
    အင်တာဗျူး

    ကသာမြို့အခြေနေ ဆက်သွယ်မေးမြန်းချက်

    စစ်ကိုင်းတိုင်း ကချင်နဲ့အစပ်မှာရှိတဲ့ ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေးလုပ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • Jan- 2026 -
    27 January
    သတင်း

    ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာ‌ဘေးလွှတ်ရာတွေကိုထွက်ပြေး နေကြရပြီး အဲ့ဒီရက်ပိုင်းအတွင်းနှစ်ဖက်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားတွေထွက်ပြေးကြရင်း…

    Read More »
  • 6 January
    သတင်း

    ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

    ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…

    Read More »
  • Dec- 2025 -
    29 December
    သတင်း

    ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

    လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ‌ဒီဇင်ဘာလ…

    Read More »
  • 27 December
    သတင်း

    KIA ၏ ၂၀၂၅ ခုနှစ် စစ်ရေး မှတ်တိုင်များ

    ကချင်ဒေသတွင်း ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ခုခံတဲ့ တိုက်ပွဲတွေအဖြစ်သာ အများဆုံးဖြစ်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီနှစ် ၂၀၂၅ ရဲ့ နှစ်ကုန်ပိုင်းဘက်မှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီးတော့ ထိုးစစ်ဆက်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီအတွက် KIA ဘက်က…

    Read More »
  • Oct- 2025 -
    9 October
    သတင်း

    ဗန်းမော်စစ်ရေး ပြန်ပြီးအားကောင်းလာကြောင်း KIO ပြော

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်ထားတဲ့ တပ်နေရာတွေရဲ့ ရှေ့တန်းကာကင်းတပ်စခန်းတွေကို ဆက်သိမ်းပိုက်တာတွေရှိနေပြီး ဗန်းမော်စစ်ရေးအခြေအနေအရ ပြန်ပြီးအားကောင်းလာတယ်လို့ KIO ပြောပါတယ်။ “စစ်ရေးအရဆိုပြန်အားကောင်းလာတယ်လို့ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေး မြို့မစည်ပင်ရုံးတွေရှိတဲ့ဘက်မှာလည်း တော်တော်ရှင်းလင်းဆောင်ရွက်လာနိုင်တာတွေရှိတယ်။ ပြီးရင် ဒီမနက်ကြတော့ ဗန်းမော် ၂ မိုင်၊…

    Read More »
  • Aug- 2025 -
    27 August
    သတင်း

    ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ…

    Read More »
  • 18 August
    သတင်း

    ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ်…

    Read More »
  • Jul- 2025 -
    2 July
    အင်တာဗျူး

    မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ…

    Read More »
Back to top button