မြေရှားလုပ်ကွက်

  • Apr- 2026 -
    18 April
    သတင်း

    ပန်ဝါမြို့အနီး မြေရှားလုပ်ကွက်မြေပြိုပြီး လုပ်သားတစ်ဦးသေဆုံး

    ချီဖွေ– ပန်ဝါကြား မြေရှားလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး လုပ်သားတစ်ဦး‌သေဆုံးသွားတယ်လို့ မြေရှားလုပ်သားတွေဆီကနေ သိရပါတယ်။ ဧပြီ ၁၈ ရက်နေ့ ဒီနေ့ညနေ ၆ နာရီခွဲဝန်းကျင် ချီဖွေကနေတက်လာရင် ပန်ဝါမရောက်ခင် လုပြည်ရွာနားက မြေရှားကုမ္ပဏီတစ်ခုမြေပြိုမှုဖြစ်တာလို့ ဆိုပါတယ်။  “ချီဖွေ–ပန်ဝါကားလမ်းမဘေးမှာပဲ မြေရှားလုပ်ကွက်တောင်ပြိုလာတာဟုတ်တယ်။ သူတို့…

    Read More »
  • Mar- 2026 -
    9 March
    သတင်း

    မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး

    ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။ “အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။  သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။ “သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့ ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ “ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – ဂျဘောက်ရာ

    Read More »
  • Feb- 2026 -
    20 February
    သတင်း

    မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော

    ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။ မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး  နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။ မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။ ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။ ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။ “ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက…

    Read More »
  • 7 February
    ဆောင်းပါး

    မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ

    “ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။ တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ်…

    Read More »
  • Sep- 2023 -
    20 September
    သတင်း

    စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို

    ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို…

    Read More »
Back to top button