မှတ်ပုံတင်

  • May- 2024 -
    23 May
    သတင်း

    ပူတာအိုမှာ စစ်ကောင်စီက Smart Card စတင်လုပ်ပေးနေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီက စမတ်ကဒ်လို့ခေါ်တဲ့  UID  ကဒ်ကို စတင်လုပ်ပေးနေပြီလို့သိရပါတယ်။ စစ်ကောင်စီရဲ့ Electronic Identification ( E-ID) စနစ်ကနေ ပေါ်ထွက်လာတဲ့  စမတ်ကဒ် (ခေါ် ) UID စလစ်ကို ပူတာအိုဒေသခံတွေက ဧပြီလ လကုန်ပိုင်းကတည်းကစလုပ်ပေးနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် ၄ လပိုင်းကုန်ကတည်းကနေ စလုပ်ပေးနေပြီ အဓိကတော့ ကျောင်းသား၊သူတွေ မဖြစ်မနေလုပ်ရမယ့်သဘောမှာရှိတယ်”လို့ ပြောပါတယ်။ E-ID ဆိုတာ နိုင်ငံတွင်းမှာနေထိုင်သူတွေအားလုံး ကိုယ်ရေးအချက်လက်ဖောင်ဖြည့်ခိုင်းပြီး ဓါတ်ပုံရိုက်၊လက်ဗွေနှိပ်၊မျက်စိစကမ်ဖတ် (Scan) အစရှိတဲ့ ဇီဝအချက်အလက် ကိုယ်ရေးအချက်လက်ကောက်ယူမှတ်ပုံတင်ထားတာဘဲဖြစ်ပါတယ်။ ဒီစမတ်ကဒ်ဟာ မှတ်ပုံတင်အလားတူ ကိုယ်နယ်စပ်ဖြတ်ကျော်တာ၊နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လုပ်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ကဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိပူတာအိုဒေသကနေ ပြည်ပကိုကျောင်းသွားတက်မယ့်လူငယ်တွေ၊ စစ်ကောင်စီအစိုးရနဲ့ချိတ်ဆက်ပြီးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတဆင့်ပြည်ပသွားရောက်အလုပ်သွားလုပ်မယ့်လူငယ်တွေနဲ့ အစိုးရဝန်ထမ်းတွေ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ စမတ်ကဒ်ကိုလုပ်နေကြပြီလို့ ဒေသခံတွေကဆိုပါတယ်။ “ဘယ်မှမသွားမလာ ဒီမှာပဲနေမယ့်သူတွေကတော့လောလောဆယ်မလုပ်လည်းရတယ်အေးဆေးပဲ ဒါပေမယ့် Non CDM တွေ ပြီးရင် စက်မှုတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေနဲ့ တခြားပေါ့ပြည်ပကိုကျောင်းတက်ဘာတက်အလုပ်သွားလုပ်တဲ့သူတွေကတော့မဖြစ်မနေကိုလုပ်ရတာ မလုပ်လို့မရဘူး သွားဖို့ဆိုရင်ပေါ့”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ အဲ့ဒီစမတ်ကဒ်တွေကို ပူတာအိုမြို့နယ် လ.ဝ.က ရုံးကနေပြုလုပ်ပေးနေတာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်ကို လ.ဝ.ကရုံးမှာတင်သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ ကွန်ပျူတာဆာဗာမှာထည့်သွင်းသိမ်းဆည်းရတာကြောင့် ခုရက်ပိုင်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေလို့ ရက်ပိုင်းရပ်နားထားတယ်လို့လည်းသိရပါတယ်။ “အခုက ပြည်ပကျောင်းသွားထားတာတို့ အလုပ်သွားလုပ်ခိုင်းတာတို့ဆိုရင်ဒီစမတ်ကဒ်ရှိမှရတယ်ကော မှတ်ပုံတင်တောင်အဲ့လောက်အရေးမပါတော့ဘူး သမီးတစ်ယောက်ထိုင်ဝမ်ကို ကျောင်းထားမလို့တရုတ်ကျောင်းတက်ဖို့အပ်တာ စမတ်ကဒ်အရင် လုပ်ရမယ်တဲ့အဲ့တာမရှိရင်မရဘူးတဲ့ အ့ကြောင့်မလုပ်သေးပဲခြေနေစောင့်နေတာ သူတို့က အင်တာနက်ရမှလုပ်လို့ရတယ်တဲ့ အင်တာနက်လိုင်းတောင် MPT လိုင်းရမှပဲတဲ့တခြားဖုန်းလိုင်းတွေနဲ့လုပ်မရဘူးMPT ကအခုလိုင်းပျောက်တာတစ်ပတ်လောက်ရှိပြီ MPT လိုင်းရမှလုပ်ပေးမယ်ပြောတယ်တဲ့”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအိုဒေသက ဒေသခံတွေမှတ်ပုံတင်အစား စမတ်ကဒ်တွေပြုလုပ်ကြဖို့စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ /ရပ်ကျေးတာဝန်ရှိသူတွေကနေတဆင့်ပြည်သူတွေဆီကို ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကနေစအသိပေးထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2024 -
    28 February
    သတင်း

    ပူတာအိုမှာ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း စမတ်ကဒ်ပြုလုပ်ရန်စစ်ကောင်စီညွန်ကြားထား

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတိုင်း Smart Card(စမတ်ကဒ်)ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားကြောင်းသိရပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အရပ်သားတိုင်း စမတ်ကဒ်ပြုလုပ်ရမယ်ဖြစ်ကြောင်း ရပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကနေတဆင့် အသိပေးညွန်ကြားထားတယ်လို့ ပူတာအို မြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့ဆီတော့…

    Read More »
Back to top button